ဂျကာတာ ဩဂုတ် ၁၇
အင်ဒိုနီးရှားနိုင်ငံ အရှေ့နူဆာတန်ဂါရာပြည်နယ်တွင် ဩဂုတ် ၁၅ ရက်က ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ ငလျင်လှုပ်ခတ်မှုကြောင့် သေဆုံးသူပေါင်း ၆၈ ဦးအထိ မြင့်တက်လာပြီး ထိခိုက်ဒဏ်ရာရရှိသူ ၂၁၄ ဦး အထိရှိလာကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးအေဂျင်စီ (BNPB) က ဩဂုတ် ၁၇ ရက်တွင် ပြောကြားသည်။
အင်ဒိုနီးရှားနိုင်ငံတွင် အင်အားပြင်းငလျင်လှုပ်ခတ်မှုဖြစ်ပွားပြီးနောက် ငလျင်ငယ်လှုပ်ခတ်မှုပေါင်း ၁၅၇၆ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ကြောင်း အဆိုပါအေဂျင်စီက ပြောကြားသည်။ ငလျင်ဒဏ်သင့်ဒေသများရှိ လမ်းများမှာ ကန့်သတ်ချက်များဖြင့် သွားလာနိုင်ကြောင်းနှင့် ငလျင်ဒဏ်သင့်ဒေသ ခုနစ်ခုတွင် ပျောက်ဆုံးသူမရှိတော့ကြောင်း သိရသည်။
ဖလောရက်စ်ကျွန်းအနောက်ပိုင်းနှင့် အရှေ့ပိုင်းတို့တွင် လျှပ်စစ်ဓာတ်အား ပြန်လည်ရရှိမှုမှာ ၉၉ ဒသမ ၅ ရာခိုင်နှုန်းအထိ ရှိလာကြောင်းနှင့် ဖလောရက်စ်ကျွန်းတစ်ဝန်း ဆက်သွယ်ရေးဝန်ဆောင်မှုများ ပြန်လည်ရရှိမှုမှာ ၉၅ ဒသမ ၄ ရာခိုင်နှုန်းအထိ ရှိလာကြောင်း သိရသည်။
ဆင်ဟွာ


