(၃၄) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲနှင့် ဝန်ကြီးဌာနပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် အားကစားနည်းများအလိုက် လေ့ကျင့်မှုများပြုလုပ်

နေပြည်တော်   ဩဂုတ်   ၁၇

(၃၄)ကြိမ်မြောက်  အရှေ့တောင် အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် လက်ရွေးစင်အားကစားသမားများ၊   လူငယ်အားကစားသမားများဖြစ်သည့် ပိုက်ကျော်ခြင်း၊ ခြင်းလုံး၊ ပြေးခုန်ပစ်အားကစားသမားများနှင့်  ဝန်ကြီးဌာနပေါင်းစုံ  ပိုက်ကျော်ခြင်းပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်  အားကစားရေးရာဝန်ကြီးဌာန ကိုယ်စားပြုပိုက်ကျော်ခြင်း အားကစားသမားများသည် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ သက်ဆိုင်ရာ အားကစားကွင်း အားကစားရုံများ၌ အားကစားနည်းအလိုက်‌  လေ့ကျင့်မှုများ ပြုလုပ်လျက်ရှိသည်။

စခန်းသွင်းလေ့ကျင့်

ထိုသို့ ပိုက်ကျော်ခြင်း အမျိုးသား အမျိုးသမီးအသင်းလိုက် လေ့ကျင့်နေမှု၊ ကွင်းသွင်းခြင်းခတ် အားကစားသမားများ၏ လေ့ကျင့်နေမှု၊ ဝန်ကြီးဌာနပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် စခန်းသွင်းလေ့ကျင့်နေမှုများကို ယနေ့မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံ  အိုလံပစ်ကော်မတီ ဥက္ကဋ္ဌ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းသည် ဒုတိယဝန်ကြီး ဦးညီညီနှင့်အတူ ကြည့်ရှုအားပေးပြီး အားကစားလေ့ကျင့်ရေးခန်းမ  (၂)ရှိ ခြင်းလုံးလေ့ကျင့်ရေးရုံ၌ ခြင်းလုံး အားကစားသမားများ၏ လေ့ကျင့်နေမှုကို ကြည့်ရှုအားပေး၍ အားကစားသမားများအတွက် တစ်ကိုယ်ရေအသုံးအဆောင်များဖြစ်သည့် သွားတိုက်ဆေး၊ သွားတိုက်တံ၊ ရေချိုးဆပ်ပြာနှင့် နည်းပြများကို ဂုဏ်ပြုထောက်ပံ့ငွေများ ပေးအပ်သည်။

စနစ်တကျ ပြုစုပျိုးထောင်

ထို့ပြင်  လေ့ကျင့်ရေးကွင်းအမှတ်(၁)၌ ပြေးခုန်ပစ်လက်ရွေးစင် အားကစားသမားများနှင့် လူငယ်အားကစားသမားများ၏ လေ့ကျင့်နေမှုကို ကြည့်ရှုအားပေးပြီး အားကစားသမားများအတွက် တစ်ကိုယ်ရေအသုံးအဆောင်ပစ္စည်းများပေးအပ်ကာ အုပ်ချုပ်မှုအဖွဲ့ဝင်များနှင့် တွေ့ဆုံ၍ မြန်မာ့ အားကစားအဆင့်အတန်း ပြန်လည်ဦးမော့လာစေရေး၊ ပြေးခုန်ပစ်အားကစားအဆင့်အတန်း ပိုမိုတိုးတက်လာစေရေး၊ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ မွေးထုတ်ပေးရေး၊ အားကစားသမားများအား  ပြန်လည်စုဖွဲ့၍ စနစ်တကျ ပြုစုပျိုးထောင်လေ့ကျင့်သင်ကြားပေးရေးနှင့် လိုအပ်သည့် အုပ်ချုပ်ထောက်ပံ့မှုကိစ္စများကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ရာ မြန်မာ့အားကစားကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကြိုးစားကြရန်  တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။ 

သတင်းစဉ်