ဒဂုံဆိပ်ကမ်းမြို့နယ်၌ ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ

ရန်ကုန်     ဩဂုတ်    ၁၇

ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်းမြို့နယ်၌ မိုးရာသီကျောင်းကောင်စီဖလား ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယနေ့နံနက်ပိုင်းက အမှတ်(၃) အခြေခံပညာမူလတန်းလွန်ကျောင်း၌ ကျင်းပသည်။

ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဖြိုးသူမောင်က အမှာစကားပြောကြားပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ   ရွှေပြည်စိုးက မုဒိတာစကားပြောကြားသည်။  ထို့နောက် ဆုရရှိသည့်  ပြိုင်ပွဲဝင်အားကစားသမားများအား ဆုများ ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

ဖြိုးစန္ဒာ(ဆိပ်ကမ်း)