ဝါရှင်တန် ဩဂုတ် ၁၇
အမေရိကန်နှင့် တောင်ကိုရီးယားအကြား ပူးပေါင်းဆောင်ရွက်ရန်ရှိသည့် စစ်ရေးလေ့ကျင့်မှုများကို လျှော့ချရန် သမ္မတထရမ့်က ဩဂုတ် ၁၆ ရက်တွင် ပင်တဂွန်စစ်ဌာနချုပ်အား ညွှန်ကြားခဲ့ကြောင်း သိရသည်။
လူမှုမီဒီယာပို့စ်တစ်ခုတွင် မိမိအနေဖြင့် အမေရိကန်၏ တောင်ကိုရီးယားနှင့် ပူးတွဲစစ်ရေးလေ့ကျင့်မည့်ကိစ္စရပ်များအပေါ် နှစ်မြို့ခြင်းမရှိကြောင်းနှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းနှင့် မိမိအကြား ကောင်းမွန်သည့်ဆက်ဆံရေးရှိခြင်းကလည်း ယခုကဲ့သို့ ဖြစ်လာစေရေး အကြောင်းရင်းတစ်ရပ်ဖြစ်သည်ဟု ထရမ့်က ပြောကြားသည်။ အဆိုပါစစ်ရေးလေ့ကျင့်မှုများအတွက် ကုန်ကျစရိတ်ကို အမေရိကန်ကအများဆုံးကျခံခြင်းဖြစ်ကာ ၎င်းကဲ့သို့ စစ်ရေးလေ့ကျင့်မှုများ ဆောင်ရွက်ခြင်းသည် မြောက်ကိုရီးယားအပေါ် ရန်လိုသည့် သဘောထားဆောင်သည့်အတွက် မိမိသမ္မတ ရာထူးတာဝန်ထမ်းဆောင် နေစဉ်ကာလအတွင်း မြောက်ကိုရီးယားအပေါ် ခြိမ်းခြောက်ခြင်းပြုမည်မဟုတ်ဘဲ လေးစားစွာဆက်ဆံမည်ဟု ထရမ့်က ပြောကြားခဲ့သည်။
ထို့ကြောင့် အချိန်မလွန်မီကာလအတွင်း အမေရိကန်က တောင်ကိုရီးယားနှင့် ပူးတွဲဆောင်ရွက်မည့် ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို လျှော့ချရန် ကာကွယ်ရေးဝန်ကြီး ပီတီဟက်ဂက်အား မိမိညွှန်ကြားခဲ့ကြောင်း ၎င်းက ပြောကြားသည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - စိုးသူရ


