ရန်ကုန် ဩဂုတ် ၁၆
MFF ယူ-၁၆ ဖူဆယ်လိဂ်ပြိုင်ပွဲ ပွဲစဉ်(၉) ကို သြဂုတ် ၁၆ ရက်က ရန်ကုန်မြို့ သုဝဏ္ဏဘောလုံးကွင်းရှိ MFF ဖူဆယ်အားကစားရုံ၌ ကျင်းပရာ SGF Youth အသင်း ကိုးပွဲဆက်အနိုင်ရရှိသည်။
ပွဲစဉ်(၉)တွင် SGF Youth အသင်း Jullniss အသင်းကို ခြောက်ဂိုး-နှစ်ဂိုး၊ Avengers Junior အသင်းက မာရိန်းအသင်းကို ငါးဂိုး-ဂိုးမရှိ၊ Pacific Sun Far အသင်းက TKA Stars အသင်းကို ငါးဂိုး-နှစ်ဂိုး၊ Victoria အသင်းက ဘူရှီဒိုအသင်းကို ခြောက်ဂိုး-လေးဂိုး၊ FFU မင်းမဟော်အသင်းက Mahar Burma အသင်းကို သုံးဂိုး-နှစ်ဂိုး၊ United City အသင်းက ရွှေပြည်သာယူနိုက်တက် အသင်းကို ခြောက်ဂိုး- တစ်ဂိုးဖြင့် အနိုင်ရရှိသည်။
ပွဲစဉ်(၉)အပြီးတွင် SGF Youth အသင်းက ၂၇ မှတ်ဖြင့် ဦးဆောင်နေပြီး Victoria အသင်း က ၂၄ မှတ်၊ FFU မင်းမဟော်အသင်းနှင့် Avengers Junior အသင်းတို့က ၁၈ မှတ်စီ၊ Mahar Pacific Sun Far အသင်းက ၁၆ မှတ်၊ Burma အသင်းက ၁၅ မှတ်၊ Jullniss အသင်းက ၁၃ မှတ်၊ TKA Stars အသင်းနှင့် United City အသင်းက ၁၂ မှတ်စီ၊ ရွှေပြည်သာယူနိုက်တက်အသင်းက သုံးမှတ်၊ မာရိန်းအသင်းနှင့် ဘူရှီဒိုအသင်းတို့က တစ်မှတ်စီရရှိထားသည်။
သတင်း-ချစ်ကိုကို
ဓာတ်ပုံ-MFF


