အော့ကလန် ဩဂုတ် ၁၆
နယူးဇီလန်၏ အကြီးဆုံးမြို့ဖြစ်သော အော့ကလန်မြို့ ဈေးဝယ်စင်တာအတွင်းရှိ ရုပ်ရှင်ရုံတစ်ရုံ၌ ဩဂုတ် ၁၆ ရက်က မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်ရပ်သည် ထိတ်လန့်ဖွယ်ဖြစ်ကြောင်းနှင့် ဒေသခံ ၁၀၀ သည် ဈေးဝယ်စင်တာအပြင်ဘက်တွင် ရပ်နေကြကြောင်း ဈေးဝယ်စင်တာမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
နယူးဇီလန် မီးသတ်နှင့် အရေးပေါ်ဌာနက ယင်းဖြစ်ရပ်ကို တတိယအဆင့်မီးလောင်မှုအဖြစ် သတ်မှတ်ခဲ့ပြီး အဆိုပါဒေသတစ်ဝန်းမှ မီးသတ်သမားများကို မီးငြှိမ်းသတ်ရန် အကူအညီတောင်းခံခဲ့ကြောင်း သိရသည်။၊
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ


