ကဝမြို့နယ်၌ ဆန်၊ ဆီ၊ အသား၊ ငါး၊ ကြက်ဥနှင့် ဟင်းသီးဟင်းရွက်များ ဈေးနှုန်းသက်သာစွာ ရောင်းချပေးလျက်ရှိ

ကဝ ဩဂုတ် ၁၆

 

ပဲခူးတိုင်းဒေသကြီး ကဝမြို့နယ်တွင် ပြည်သူများဈေးနှုန်း သက်သာစွာဖြင့် ဝယ်ယူစားသုံးနိုင်ရန် ဆန်၊ ဆီ၊ အသား၊ ငါး၊ ကြက်ဥနှင့် ဟင်းသီးဟင်းရွက်များကို ယမန်နေ့နံနက်ပိုင်းက မြို့နယ် စည်ပင်သာယာဈေးကြီး၌ ရောင်းချပေးလျက်ရှိသည်။

 

ထိုသို့ ရောင်းချပေးရာတွင် မြို့နယ်ကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီက ကြီးကြပ်၍ မွေးမြူရေးလုပ်ငန်းရှင်များနှင့် တိုက်ရိုက်ဆက်သွယ်ကာ ရောင်းချပေးလျက်ရှိပြီး ဆန်(ဆင်းသုခ)၊ ဆီ၊ အသားတိုးကြက်သား၊ ဒေသကြက်၊ ဝက်သား၊ အမဲသား၊ ကြက်ဥတို့ကို စားသုံးသူ ပြည်သူများထံသို့ ဈေးနှုန်းသက်သာစွာ ရောင်းချပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)