၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် ရိုးရာလက်ဝှေ့ပြိုင်ပွဲ ဆက်လက်ကျင်းပ

ရန်ကုန် ဩဂုတ် ၁၄

မျိုးဆက်သစ်ရိုးရာ လက်ဝှေ့အားကစားသမားများ ပေါ်ထွက်လာစေရန်နှင့် မြန်မာ့အားကစား အဆင့်အတန်း ပိုမိုတိုးတက်လာစေရန်ရည်ရွယ်၍ အားကစားရေးရာဝန်ကြီးဌာန အားကစားနှင့် ကာယပညာဦးစီးဌာနကကြီးမှူး၍ တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံ လက်ဝှေ့အဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပ သည့် ၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် ရိုးရာလက်ဝှေ့ပြိုင်ပွဲကို ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ သိမ်ဖြူရိုးရာလက်ဝှေ့အားကစားရုံ၌ ဆက်လက် ကျင်းပသည်။

ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် အမျိုးသား ၆၇ ကီလို လူသစ်တန်းပြိုင်ပွဲ၊ အမျိုးသား ၅၁ ကီလို(ဂ အဆင့်)ပြိုင်ပွဲ၊ အမျိုးသား ၆၀ ကီလို (ဂ အဆင့်)ပြိုင်ပွဲ၊ အမျိုးသား ၆၃ ဒသမ ၅ ကီလို(ဂ အဆင့်) ပြိုင်ပွဲ၊ အမျိုးသမီး ၄၈ ကီလို ပြိုင်ပွဲ၊ အမျိုးသမီး ၅၁ ကီလိုပြိုင်ပွဲတို့  ယှဉ်ပြိုင် ကစားကြသည်။

အမျိုးသား ၆၇ ကီလို လူသစ်တန်းပြိုင်ပွဲ ပွဲစဉ်များအဖြစ် မန္တလေးတိုင်းဒေသကြီးအသင်းမှ အောင်လင်းဦး(အနီ)နှင့် မွန်ပြည်နယ်အသင်းမှ စောသိန်းဇော်(အပြာ)တို့ ယှဉ်ပြိုင်ခဲ့ရာ စောသိန်းဇော်(အပြာ)က လည်းကောင်း၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းမှ ဝေနိုင်ဦး(အနီ)နှင့် တနင်္သာရီတိုင်းဒေသကြီးအသင်းမှ ထက်ပိုင်စိုး(အပြာ)တို့ ယှဉ်ပြိုင်ခဲ့ရာ ထက်ပိုင်စိုး(အပြာ)က လည်းကောင်း၊ စစ်ကိုင်း တိုင်းဒေသကြီးအသင်းမှ ရှိန်းထက်ကျော်(အနီ)နှင့် ကရင်ပြည်နယ်အသင်းမှ အောင်ချစ်ကြည် (အပြာ)တို့ယှဉ်ပြိုင်ခဲ့ရာ အောင်ချစ်ကြည်(အပြာ) က လည်းကောင်း၊ အမျိုးသား ၅၁ ကီလိုတန်း (ဂ အဆင့်)ပြိုင်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီး အသင်းမှ စိုးမိုးလွင်(အနီ)နှင့် ရန်ကုန် တိုင်းဒေသကြီးအသင်းမှ လိန်းဟုန်(အပြာ)တို့ ယှဉ်ပြိုင်ခဲ့ရာ စိုးမိုးလွင်(အနီ)ကလည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီးအသင်းမှ ချမ်းမြေ့နိုင် (အနီ)နှင့် ပဲခူးတိုင်းဒေသကြီးအသင်းမှ ကောင်းခန့်ကျော်(အပြာ)တို့ ယှဉ်ပြိုင်ခဲ့ရာ ကောင်းခန့်ကျော်(အပြာ)က လည်းကောင်း၊ ကချင်ပြည်နယ်အသင်းမှ ဆွတ်မျိုးထွယ် (အနီ)နှင့် ကရင်ပြည်နယ်အသင်းမှ မင်းသစ္စာ (အပြာ)တို့ ယှဉ်ပြိုင်ခဲ့ရာ မင်းသစ္စာ(အပြာ)က လည်းကောင်း၊ အမျိုးသား ၆၀ ကီလိုတန်း (ဂအဆင့်)ပြိုင်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး အသင်းမှ ဆန်းလင်းအောင်(အနီ)နှင့် မွန် ပြည်နယ်အသင်းမှ ခခရန်မျိုးဂျက်ခေါင်(အပြာ)တို့ ယှဉ်ပြိုင်ခဲ့ရာ ခခရန်မျိုးဂျက်ခေါင်(အပြာ) က လည်းကောင်း၊ ကချင်ပြည်နယ်အသင်းမှ အောင်လင်းဦး(အနီ)နှင့် ရှမ်းပြည်နယ် အသင်းမှ စန်းကိုကို(အပြာ)တို့ ယှဉ်ပြိုင်ခဲ့ရာ အောင်လင်းဦး(အနီ)က လည်းကောင်း၊ ကရင် ပြည်နယ်အသင်းမှ စောသန့်ဇင်ဦး(အနီ)နှင့် ဧရာဝတီတိုင်းဒေသကြီးအသင်းမှ ရဲမွန်ကျော် (အပြာ)တို့ ယှဉ်ပြိုင်ခဲ့ရာ စောသန့်ဇင်ဦး(အနီ)က လည်းကောင်း၊ အမျိုးသား ၆၃ ဒသမ ၅  ကီလို (ဂ အဆင့်)ပြိုင်ပွဲတွင် ကရင်ပြည်နယ်အသင်း မှ သီဟ(အနီ)နှင့် ရန်ကုန်တိုင်းဒေသကြီးအသင်းမှ ထွန်းထွန်းထက်(အပြာ)တို့ ယှဉ်ပြိုင်ခဲ့ရာ သီဟ(အနီ)က လည်းကောင်း၊ ရှမ်းပြည်နယ်အသင်းမှ စည်သူအောင်(အနီ)နှင့် ဧရာဝတီတိုင်းဒေသကြီးအသင်းမှ စထက်လင်း (အပြာ)တို့ ယှဉ်ပြိုင်ခဲ့ရာ စထက်လင်း(အပြာ) က လည်းကောင်း၊ အမျိုးသမီး ၄၈ ကီလိုပြိုင်ပွဲ တွင် ချင်းပြည်နယ်အသင်းမှ ပန်းသဇင်မြင့် (အနီ)နှင့် မန္တလေးတိုင်းဒေသကြီးအသင်းမှ မလောမံ(အပြာ)တို့ ယှဉ်ပြိုင်ခဲ့ရာ မလောမံ (အပြာ)ကလည်းကောင်း၊ ရှမ်းပြည်နယ်အသင်း မှ သဲမြတ်မွန်(အနီ)နှင့် ကရင်ပြည်နယ်အသင်း မှ အေးအေးနွယ်(အပြာ)တို့ ယှဉ်ပြိုင်ခဲ့ရာ အေးအေးနွယ်(အပြာ)က လည်းကောင်း၊ အမျိုးသမီး ၅၁ ကီလိုပြိုင်ပွဲတွင် မန္တလေးတိုင်းဒေသကြီးအသင်းမှ သက်ထားဗိုလ်(အနီ)နှင့် ရန်ကုန်တိုင်းဒေသကြီးအသင်းမှ နော်အယ် ဆဲဖော(အပြာ)တို့ ယှဉ်ပြိုင်ခဲ့ရာ သက်ထားဗိုလ် (အနီ)က လည်းကောင်း၊ မွန်ပြည်နယ်အသင်းမှ နော်ပွင့်ချောစု(အနီ)နှင့် ကယားပြည်နယ် အသင်းမှ ပိုးပိုးဥ(အပြာ)တို့ ယှဉ်ပြိုင်ခဲ့ရာ နော်ပွင့်ချောစု(အနီ)က လည်းကောင်း အသီးသီး ယှဉ်ပြိုင်အနိုင်ရရှိခဲ့ကြသည်။

ဩဂုတ် ၁၅ ရက် ပြိုင်ပွဲ ပွဲစဉ်များအဖြစ် အမျိုးသား ၆၀ ကီလို လူသစ်တန်း(ကွာတား ဖိုင်နယ်)ပြိုင်ပွဲ၊ အမျိုးသား ၆၃ ဒသမ ၅ ကီလို လူသစ်တန်း(ကွာတားဖိုင်နယ်)ပြိုင်ပွဲ၊ အမျိုးသား ၅၄ ကီလို (ဂ အဆင့်) (ကွာတားဖိုင်နယ်)ပြိုင်ပွဲ၊ အမျိုးသား ၆၇ ကီလို(ဂ အဆင့်) (ကွာတား ဖိုင်နယ်)ပြိုင်ပွဲ၊ အမျိုးသမီး ၅၄ ကီလို(ကွာတား ဖိုင်နယ်)ပြိုင်ပွဲကို ဆက်လက်ယှဉ်ပြိုင်ကစား သွားမည်ဖြစ်ရာ အားကစားဝါသနာရှင် မိဘပြည်သူများအနေဖြင့် မည်သူမဆို “အခမဲ့” လာရောက်ကြည့်ရှု အားပေးနိုင်ကြောင်းနှင့် ၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် ရိုးရာလက်ဝှေ့ပြိုင်ပွဲကို ဩဂုတ် ၁၃ ရက်မှ ၂၀ ရက်အထိ သိမ်ဖြူရိုးရာလက်ဝှေ့ အားကစားရုံ၌ ရှစ်ရက်ကြာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ သတင်းစဉ်