ရန်ကုန် ဩဂုတ် ၁၄
ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ပထမဆုံးတည်ထားကိုးကွယ်သော မြန်မာ - ရုရှား နှစ်နိုင်ငံ သာသနာရေးနှင့်ယဉ်ကျေးမှု ချစ်ကြည်ရေး၏ သင်္ကေတတစ်ခုလည်း ဖြစ်သည့် သမိုင်းဝင်စေတီတော်တစ်ဆူဖြစ်သော မော်စကို ရွှေစည်းခုံစေတီတော်မြတ်ကြီး ပြုပြင်ထိန်းသိမ်းရေးအတွက် သီတဂူဆရာတော်ကြီး သွားရောက်စစ်ဆေးသည်။
ရုရှားနိုင်ငံ ကာလူဂါပြည်နယ် ဘိုရော့ဗ်စကီးခရိုင်ရှိ Ethno-World (Etnomir) ယဉ်ကျေးမှုဥယျာဉ်အတွင်း တည်ထားကိုးကွယ်ထားသည့် မော်စကို ပုဂံရွှေစည်းခုံစေတီတော်မြတ်ကြီး ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် လိုအပ်သော ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများကို လုပ်ဆောင်နိုင်ရန် သီတဂူဆရာတော်ကြီးက ယနေ့တွင် စေတီတော်ပရိဝုဏ်အတွင်း သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ဆရာတော်ကြီးက Ethno - World ပြတိုက်အတွင်း ခင်းကျင်းပြသထားသည့် တိပိဋကဓရ မင်းကွန်းဆရာတော် ကြီး၏ ရုပ်တုအပါအဝင် အာရှနှင့် အနောက်နိုင်ငံများမှ ထင်ပေါ်ကျော် ကြားသူများ၏ ရုပ်တုပုံစံများကိုလည်း လေ့လာကြည့်ရှုသည်။
အဆိုပါ မော်စကို ရွှေစည်းခုံစေတီတော်ကြီးသည် မြန်မာ့ရိုးရာ လက်ရာစစ်စစ်ဖြင့် ရုရှားမြေတွင် ပထမဆုံးတည်ထား ကိုးကွယ်ခဲ့သည့် သမိုင်းဝင်စေတီတော် တစ်ဆူဖြစ်ပြီး မြန်မာ - ရုရှား နှစ်နိုင်ငံ သာသနာရေးနှင့် ယဉ်ကျေးမှု ချစ်ကြည်ရေး၏ သင်္ကေတတစ်ခုလည်းဖြစ်ကြောင်း သိရသည်။
MT


