ရန်ကုန် ဩဂုတ် ၁၃
၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်ရိုးရာလက်ဝှေ့ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ သိမ်ဖြူရိုးရာလက်ဝှေ့ အားကစားရုံ၌ ကျင်းပရာ အမျိုးသား ၅၁ ကီလိုလူသစ်တန်းပြိုင်ပွဲ၊ အမျိုးသား ၅၄ ကီလို လူသစ်တန်းပြိုင်ပွဲ၊ အမျိုးသား ၅၇ ကီလို လူသစ်တန်းပြိုင်ပွဲ၊ အမျိုးသား ၆၀ ကီလို လူသစ်တန်းပြိုင်ပွဲ၊ အမျိုးသား ၅၄ ကီလို (ဂ အဆင့်) ပြိုင်ပွဲ၊ အမျိုးသား ၅၇ ကီလို (ဂ အဆင့်) ပြိုင်ပွဲများ ယှဉ်ပြိုင်ကစားခဲ့သည်။
အဆိုပါ လက်ဝှေ့ပြိုင်ပွဲကို မျိုးဆက်သစ်ရိုးရာလက်ဝှေ့အားကစားသမားများ ပေါ်ထွက်လာစေရန်နှင့် မြန်မာ့အားကစားအဆင့်အတန်း ပိုမိုတိုးတက်လာစေရန် အားကစားရေးရာဝန်ကြီးဌာန အားကစားနှင့် ကာယပညာဦးစီးဌာနက ကြီးမှူး၍ တိုင်းဒေသကြီးအစိုးရအဖွဲ့များနှင့် မြန်မာနိုင်ငံ လက်ဝှေ့ အဖွဲ့ချုပ်တို့ ပူးပေါင်း၍ ဩဂုတ် ၁၃ ရက်မှ ၂၀ ရက်အထိ ရှစ်ရက်ကြာ ကျင်းပသွားမည်ဖြစ်သည်။
ယနေ့ပွဲစဉ်များအဖြစ် အမျိုးသား ၅၁ ကီလို လူသစ်တန်းပြိုင်ပွဲ ပွဲစဉ်တွင် ရန်ကုန်တိုင်းဒေသကြီး အသင်းမှ ဆန်းနိုင်ဌေး(အနီ)နှင့် မွန်ပြည်နယ်အသင်းမှ ကျော်ကျော်ဌေး(အပြာ)တို့ ယှဉ်ပြိုင်ရာ ကျော်ကျော်ဌေး(အပြာ)ကလည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီးအသင်းမှ ရန်ပိုင်ဦး(အနီ)နှင့် ဧရာဝတီတိုင်းဒေသကြီးအသင်းမှ မင်းဘုန်းမြင့်(အပြာ)တို့ ယှဉ်ပြိုင်ရာ မင်းဘုန်းမြင့်(အပြာ)က လည်းကောင်း၊ ကရင်ပြည်နယ်အသင်းမှ ဖိုးသဲ (အနီ)နှင့် စစ်ကိုင်းတိုင်းဒေသကြီးအသင်းမှ ခေါဆောင်(အပြာ)တို့ ယှဉ်ပြိုင်ခဲ့ရာ ဖိုးသဲ(အနီ)ကလည်းကောင်း၊ အမျိုးသား ၅၄ ကီလို လူသစ်တန်းပြိုင်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီးအသင်းမှ စောချစ်ရအောင်(အနီ)နှင့် ပဲခူးတိုင်းဒေသကြီးအသင်းမှ ဖြိုးမင်းသန်း(အပြာ)တို့ယှဉ်ပြိုင်ရာ ဖြိုးမင်းသန်း (အပြာ)ကလည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီးအသင်းမှ သန့်ဇင်ပိုင်(အနီ)နှင့် ရန်ကုန်တိုင်းဒေသကြီးအသင်းမှ လင်းသူရအောင်(အပြာ)တို့ ယှဉ်ပြိုင်ရာ လင်းသူရအောင် (အပြာ)ကလည်းကောင်း၊ ကချင်ပြည်နယ်အသင်းမှ နော်ဆိုင်းမော်(အနီ)နှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းမှ ထက်လင်းစံ(အပြာ)တို့ ယှဉ်ပြိုင်ရာ ထက်လင်းစံ(အပြာ)ကလည်းကောင်း အနိုင်ရရှိခဲ့သည်။
အလားတူ အမျိုးသား ၅၇ ကီလို လူသစ်တန်းပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးအသင်းမှ ရန်မျိုးအောင်(အနီ)နှင့် ကယားပြည်နယ်အသင်းမှ မာတေးအူ(အပြာ)တို့ ယှဉ်ပြိုင်ရာ ရန်မျိုးအောင် (အနီ)က လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးအသင်းမှ စောသမှူး(အနီ)နှင့် ကရင်ပြည်နယ်အသင်းမှ အောင်ထက်ကို(အပြာ)တို့ ယှဉ်ပြိုင်ရာ အောင်ထက်ကို(အပြာ)ကလည်းကောင်း၊ ကချင်ပြည်နယ်အသင်းမှ နိုင်ထက်ဦး(အနီ)နှင့် တနင်္သာရီတိုင်းဒေသကြီးအသင်းမှ သော်စော(အပြာ)တို့ ယှဉ်ပြိုင်ရာ နိုင်ထက်ဦး(အနီ)ကလည်းကောင်း၊ အမျိုးသား ၆၀ ကီလို လူသစ်တန်းပြိုင်ပွဲတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းမှ သန်းဇော်ဦး(အနီ)နှင့် မန္တလေးတိုင်းဒေသကြီးအသင်းမှ လွင်မင်းထင်(အပြာ)တို့ ယှဉ်ပြိုင်ရာ သန်းဇော်ဦး(အနီ)ကလည်းကောင်း၊ အမျိုးသား ၅၄ ကီလို (ဂ အဆင့်)ပြိုင်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီးအသင်းမှ စောဟုပ်ဂွိုင်းလင်း(အနီ)နှင့် ကရင်ပြည်နယ်အသင်းမှ စောပစောဖော(အပြာ)တို့ ယှဉ်ပြိုင်ရာ စောပစောဖော(အပြာ)ကလည်း ကောင်း၊ ကယားပြည်နယ်အသင်းမှ ထွန်းထွန်းနိုင်(အနီ)နှင့် စစ်ကိုင်းတိုင်းဒေသကြီးအသင်းမှ ထန်ခန့်ထွန်း(အပြာ)တို့ယှဉ်ပြိုင်ရာ ထွန်းထွန်းနိုင်(အနီ)ကလည်းကောင်း၊ အမျိုးသား ၅၇ ကီလို (ဂ အဆင့်) ပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးအသင်းမှ ဒွေးကို(အနီ)နှင့် မွန်ပြည်နယ်အသင်းမှ ချစ်ကိုနိုင်(အပြာ)တို့ ယှဉ်ပြိုင်ရာ ဒွေးကို(အနီ)ကလည်းကောင်း၊ ရှမ်း ပြည်နယ်အသင်းမှ ဇင်မင်းစိုး(အနီ)နှင့် ဧရာဝတီတိုင်းဒေသကြီးအသင်းမှ ဝိုင်းချစ်ထွန်း(အပြာ)တို့ ယှဉ်ပြိုင်ရာ ဝိုင်းချစ်ထွန်း(အပြာ)က လည်းကောင်း၊ ကရင်ပြည်နယ်အသင်းမှ စောစိုးဒို့(အနီ)နှင့် ကချင်ပြည်နယ်အသင်းမှ သန့်ဇင်ဖြိုး(အပြာ)တို့ ယှဉ်ပြိုင်ရာ စောစိုးဒို့(အနီ)က လည်းကောင်း ယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။
ဩဂုတ် ၁၄ ရက်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် အမျိုးသား ၆၇ ကီလို လူသစ်တန်းပြိုင်ပွဲ၊ အမျိုးသား ၅၁ ကီလို (ဂ အဆင့်)ပြိုင်ပွဲ၊ အမျိုးသား ၆၀ ကီလို(ဂ အဆင့်) ပြိုင်ပွဲ၊ အမျိုးသား ၆၃.၅ ကီလို(ဂ အဆင့်) ပြိုင်ပွဲ၊ အမျိုးသမီး ၄၈ ကီလိုပြိုင်ပွဲ၊ အမျိုးသမီး ၅၁ ကီလိုပြိုင်ပွဲများကို ဆက်လက်ယှဉ်ပြိုင်ကစားမည်ဖြစ်ရာ အားကစားဝါသနာရှင်များ မည်သူမဆို “အခမဲ့” လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။
သတင်းစဉ်


