၂၀၂၅-၂၀၂၆ ဘောလုံးရာသီက ချန်ပီယံလိဂ်ပြိုင်ပွဲနဲ့ ယူရိုပါလိဂ်ပြိုင်ပွဲတွေမှာ ဆုဖလားကိုယ်စီဆွတ်ခူးထားသော အသင်းနှစ်သင်းဖြစ်တဲ့ ပီအက်စ်ဂျီအသင်းနဲ့ အက်စ်တွန်ဗီလာအသင်းတို့ရဲ့ ယူအီးအက်ဖ်အေ စူပါဖလားပွဲစဉ်ကို ဩဂုတ် ၁၃ ရက်နံနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့ပါတယ်။ ချန်ပီယံလိဂ်ချန်ပီယံ ပီအက်စ်ဂျီအသင်းနဲ့ ယူရိုပါလိဂ်ချန်ပီယံ အက်စ်တွန်ဗီလာအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ယူအီးအက်ဖ်အေ စူပါဖလားပွဲစဉ်မှာ ပီအက်စ်ဂျီအသင်းက နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရကာ ဆုဖလားဆွတ်ခူးနိုင်ခဲ့ပါတယ်။
အခုပွဲစဉ်မှာ ပီအက်စ်ဂျီအသင်းအတွက် သွင်းဂိုးတွေကို ဗာရက်ခီလီယာကတစ်ဂိုး၊ ဒဇိုင်းယားဒူအူးက တစ်ဂိုးသွင်းယူပေးခဲ့ပြီး အက်စ်တွန်ဗီလာအသင်းအတွက် သွင်းဂိုးတစ်ဂိုးကိုတော့ မာဒီဂျိုက သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ အသက် ၁၇ နှစ်အရွယ်ရှိ တိုက်စစ်မှူး ဗာရက်ခီလီယာဟာ ဥရောပစူပါ ဖလားပြိုင်ပွဲမှာ ပီအက်စ်ဂျီအသင်းနဲ့အတူ သွင်းဂိုးတစ်ဂိုး သွင်းယူပေးနိုင်ခဲ့တာကြောင့် ဥရောပစူပါ ဖလားပြိုင်ပွဲ သမိုင်းတစ်လျောက်မှာ ဂိုးသွင်းယူနိုင်ခဲ့တဲ့ အသက်ငယ်ဆုံးကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့တာဖြစ်ပါတယ်။
ပီအက်စ်ဂျီအသင်းဟာ အက်စ်တွန်ဗီလာကို အနိုင်ရရှိခဲ့ပြီး ယူအီးအက်ဖ်အေစူပါဖလားကို ဆွတ်ခူးနိုင်ခဲ့တာကြောင့် လက်ရှိအချိန်မှာ ယူအီးအက်ဖ်အေ စူပါဖလားကို နှစ်ရာသီဆက်တိုက် ဆွတ်ခူးနိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။
ငွေကြယ်


