တိုင်းဒေသကြီးနှင့် ပြည်နယ် ဘတ်စကက်ဘောပြိုင်ပွဲတွင် ပထမတံခွန်စိုက်ဆုဖလားရရှိခဲ့သည့် မန္တလေးတိုင်းဒေသကြီး  အမျိုးသား/ အမျိုးသမီး ဘတ်စကက်ဘောအသင်းအား ဂုဏ်ပြု

မန္တလေး   ဩဂုတ်   ၁၃

တောင်ကြီးမြို့၌ ကျင်းပခဲ့သည့် ၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် ဘတ်စကက်ဘောပြိုင်ပွဲတွင်  မန္တလေးတိုင်းဒေသကြီးကိုယ်စားပြု ဘတ်စကက်ဘောအသင်းသည် ငါးယောက်တွဲ အမျိုးသား/အမျိုးသမီး ဘတ်စကက်ဘောပြိုင်ပွဲတွင် ပထမတံခွန်စိုက်ဆုနှစ်ဆု၊  သုံးယောက်တွဲ အမျိုးသားဘတ်စကက်ဘောပြိုင်ပွဲတွင်  ဒုတိယဆုနှင့် အကောင်းဆုံး အားကစားသမားဆု နှစ်ဆုတို့ကို ရရှိခဲ့သည်။

အဆိုပါ   အားကစားသမားများအား  ဂုဏ်ပြုပွဲကို ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌  ကျင်းပပြီး  တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်ထံ တိုင်းဒေသကြီး အမျိုးသား/အမျိုးသမီး ဘတ်စကက်ဘောအသင်းက ပထမတံခွန်စိုက်ဆုဖလားကို အပ်နှံကြသည်။

ထို့ပြင် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးဝန်ကြီးများက ပထမတံခွန်စိုက်ဆုရရှိခဲ့သည့် ငါးယောက်တွဲ အမျိုးသား၊ အမျိုးသမီး  ဘတ်စကတ်ဘောအသင်း၊ ဒုတိယဆုရရှိသည့် သုံးယောက်တွဲ အမျိုးသားဘတ်စကက်ဘောအသင်း၊ အမျိုးသားအကောင်းဆုံးအားကစားသမားဆုနှင့် အမျိုးသမီးအကောင်းဆုံးအားကစားသမားဆု ရရှိသူများအား ဂုဏ်ပြုဆုငွေများ ပေးအပ်ကြကြောင်း  သိရသည်။                      

သတင်းစဉ်