ဂျကာတာ ဩဂုတ် ၁၃
အင်ဒိုနီးရှားနိုင်ငံတွင် လျှပ်စစ်ဆိုင်ကယ်ထုတ်လုပ်ရေးအစီအစဉ်အား သမ္မတပရာဘိုဝို ဆူဘီရန်တိုက ဩဂုတ် ၁၃ ရက်တွင် စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အနောက် ဂျဗားပြည်နယ် ဆီကာယန်မြို့ရှိ လျှပ်စစ်ဆိုင်ကယ် ထုတ်လုပ်ရေးအလုပ်ရုံတွင် အဆိုပါအစီအစဉ်အား စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အမျိုးသားနည်းပညာစွမ်းအားကို ပြည်တွင်းစွမ်းအားစုများဖြင့် တည်ထောင်ခြင်း၏ အရေးကြီးပုံကို သမ္မတပရာဘိုဝို ဆူဘီရန်တိုက အခမ်းအနား တွင် မှတ်ချက်ပြုပြောကြားခဲ့သည်။
ယနေ့တွင် အင်ဒိုနီးရှားနိုင်ငံ၏ ပေါင်းစည်းဆောင်ရွက်ခြင်းဆိုင်ရာ ဥပမာကို ကောင်းစွာဆောင်ရွက်နိုင်ခဲ့ပြီး နိုင်ငံတစ်နိုင်ငံ၏ အောင်မြင်မှုသည် နည်းပညာကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးပြုနိုင်ခြင်းဖြစ်ကြောင်းနှင့် အမျိုးသားဖွံ့ဖြိုးတိုးတက်မှုကိုနည်းပညာ အသုံးပြုနိုင်စွမ်းဖြင့် ဆုံးဖြတ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ယခုအစီအစဉ်သည် စက်မှုလုပ်ငန်းနှင့် ထုတ်လုပ်မှုဆိုင်ရာ အမျိုးသားဇီဝစနစ်အား တည်ထောင်ခြင်းဖြစ်ပြီး ၎င်း၏ လုပ်ငန်းများတွင် လျှပ်စစ်ယာဉ်များအတွက် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေး၊ လျှပ်စစ်ယာဉ်ထုတ်လုပ်ရေးနှင့် ဈေးကွက်ဖြန့်ဖြူးရေးလုပ်ငန်းများဆောင်ရွက်ခြင်းတို့ အကျုံးဝင် ကြောင်း သိရသည်။
ကိုးကား -ဆင်ဟွာ
ဘာသာပြန် -စိုးသူရ


