ပေါ်တူဂီဘောလုံးသမားစီရော်နယ်ဒို လက်ထပ်

ကာစကိုင်စ် ဩဂုတ် ၁၃

ပေါ်တူဂီနိုင်ငံသား ဘောလုံးအကျော်အမော် ခရစ်တီရာနိုရော်နယ်ဒိုနှင့် ၎င်း၏ချစ်သူ ဂေါ်ဂျီနာရော်ဒရီဂတ်စ်တို့သည် ပေါ်တူဂီနိုင်ငံ ကမ်းခြေမြို့ဖြစ်သည့် ကာစကိုင်စ်မြို့တွင် ဩဂုတ် ၁၂ ရက်က လက်ထပ်ပွဲကျင်းပခဲ့ကြောင်း သိရသည်။

အသက် ၄၁ နှစ်အရွယ် ရော်နယ်ဒိုက ၎င်း၏ အင်စတာဂရမ်အကောင့်တွင်  လက်ထပ်လက်စွပ်များ ပါဝင်သည့်  လက်များကို ဓာတ်ပုံရိုက်ပြီး “C (နှလုံးသား) G” ဟု အဓိပ္ပာယ်ရသည့်  စာတန်းကို မျှဝေခဲ့သည်။

အသက် ၃၂ ​​နှစ်အရွယ် မော်ဒယ်တစ်ဦးဖြစ်သည့်  ရော်ဒရီဂတ်စ်က အင်စတာဂရမ်တွင်  ၎င်းတို့ စေ့စပ်ကြောင်းလမ်းကြောင်း ကြေညာပြီး တစ်နှစ်အကြာတွင် ယခုကဲ့သို့လက်ထပ်ခဲ့ခြင်းဖြစ်သည်။

ယခုနှစ်နွေရာသီကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပေါ်တူဂီအသင်း ၁၆ သင်းအဆင့်မှ ထွက်ခဲ့ရပြီးနောက် စီရော်နယ်ဒိုသည် လက်ရှိတွင် ဆော်ဒီဘောလုံးအသင်း  Al Nassr တွင်  ကစားနေကြောင်း သိရသည်။

မန်ချက်စတာယူနိုက်တက်၊ ရီးရဲလ်မက်ဒရစ်နှင့် ဂျူဗင်တပ်စ်တိုက်စစ်မှူးဟောင်းဖြစ်သည့် ၎င်းသည် ကမ္ဘာ့အကောင်းဆုံးဘောလုံးကစားသမားအတွက် ပေးအပ်သည့် ကမ္ဘာ့အကောင်းဆုံးဘောလုံး သမားဆုအား ငါးကြိမ်ရရှိခဲ့ကြောင်း သိရသည်။ 

ကိုးကား-VN Express

ဘာသာပြန် -စိုးသူရ