မြို့သန့်ရှင်းသာယာလှပရေးနှင့် ရေစီးရေလာကောင်းမွန်ရေး ကွင်းဆင်းစစ်ဆေး

မအူပင် ဩဂုတ် ၁၃

 

ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့၌ မြို့သန့်ရှင်းသာယာလှပစေရေး၊ ရေစီးရေလာကောင်းမွန်စေရေး မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် သက်ဆိုင်ရာဌာနများ၏ လုပ်ငန်းဆောင်ရွက်နေမှုကို ယနေ့ နံနက် ၈ နာရီတွင် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုသည်။

 

တိုင်းဒေသကြီးစည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်ဦးနှင့် အဖွဲ့သည် မအူပင်မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ဆောင်ရွက်ထားရှိသည့် ကျောင်းလမ်းဘေး ဝဲ၊ ယာ ရေနုတ်မြောင်း၊ ရေလဲလမ်း၊ အဝေးပြေးကားဝင်းရှေ့ အလှဆင်ထားရှိမှုနှင့် ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်ထားရှိမှုများ၊ ခိုင်ရွှေဝါလမ်းနှင့် ခိုင်မေတ္တာလမ်းတစ်လျှောက် ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်ထားရှိသည့် ရေနုတ်မြောင်း၊ အမှတ် (၂) ရပ်ကွက် ဓမ္မာရုံမြောင်း၊ ရေလဲလမ်းနှင့် မြို့ရှောင်လမ်းထိပ် ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်ထားရှိမှုနှင့် အလှဆင်ဆောင်ရွက်ထားရှိမှု၊ မြရတနာလမ်းထိပ်ရေမြောင်း၊ ပံတပွတ်လမ်းဘေး ဝဲ၊ ယာ ပြင်ဆင်ဆောင်ရွက်နေမှုများ၊ တိုးမာလာလမ်းတစ်လျှောက် ရေမြောင်းဆယ်ယူနေမှုများ၊ မြို့သစ် (၃) လမ်း၌ ရေစီးရေလာကောင်းမွန်စေရေး ရေမြောင်းဆယ်ယူနေမှုများ၊ မအူပင်တက္ကသိုလ်ဝင်းအတွင်း သန့်ရှင်းသာယာလှပစေရန်နှင့် အရိပ်ရပင်များ စိုက်ပျိုးနိုင်ရေး၊ လွတ်လပ်ရေးပန်းခြံ သန့်ရှင်းသာယာလှပစေရေး၊ မင်းဧရာတံတားဘေးရှိ ညဈေးနေရာတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးရာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူများ၊ လမ်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဆည်မြောင်းဦးစီးဌာနမှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီးက လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

 

အောင်မြင့်မြတ်(ပြန်/ဆက်)