ဗီယင်နာ ဩဂုတ် ၁၂
ကမ္ဘာလုံးဆိုင်ရာ ရေနံလိုအပ်ချက်မှာ ယမန်နှစ်ထက် ယခုနှစ်တွင် တစ်ရက်လျှင် ရေနံစည်ပေါင်း ၆၀၀၀၀၀ အထိ တိုးလာမည်ဟု ခန့်မှန်းထားသော် လည်း ယင်းပမာဏမှာ ယခင်လက အကဲဖြတ်တွက်ချက်မှုထက်လျော့နည်းသွားကြောင်း ရေနံတင်ပို့သည့် နိုင်ငံများအဖွဲ့ (OPEC) က ဩဂုတ် ၁၂ ရက်တွင် ပြောသည်။
OPEC အဖွဲ့သည် ၎င်းတို့၏ နောက်ဆုံးထုတ်ပြန်သော လစဉ်ရေနံဈေးကွက် အစီရင်ခံစာတွင် ထိုကဲ့သို့ ခန့်မှန်းထားခြင်းဖြစ်သည်။ ဇူလိုင်လထုတ် ယခင်အစီရင်ခံစာတွင် အဆိုပါအဖွဲ့က ယခုနှစ်အတွင်း ယမန်နှစ်ထက် ကမ္ဘာလုံးဆိုင်ရာရေနံလိုအပ်ချက်မှာ တစ်ရက်လျှင် ရေနံစည် ၈၀၀၀၀၀ အထိ တိုးလာမည်ဟု ခန့်မှန်းတွက်ချက်ခဲ့သည်။
ယခုနှစ်အတွက် ကမ္ဘာလုံးဆိုင်ရာ ရေနံလိုအပ်ချက်ခန့်မှန်းမှု လျော့နည်းခဲ့သော်လည်း အစီရင်ခံစာ က ၂၀၂၇ ခုနှစ်အတွက် ခန့်မှန်းမှုကို ဆက်လက်တိုးမြှင့်သတ်မှတ်ခဲ့သည်။ ၂၀၂၇ ခုနှစ်တွင် ကမ္ဘာလုံး ဆိုင်ရာ ရေနံလိုအပ်ချက်မှာ တစ်ရက်လျှင် ရေနံစည် ၂ ဒသမ ၂ သန်းခန့်အထိ မြင့်တက်လာမည်ဟု ခန့်မှန်းထားသည်။ ယင်းမှာ ယခင်ခန့်မှန်းထားသည့် တစ်ရက်လျှင် ရေနံစည် ၁ ဒသမ ၉ သန်းထက် မြင့်တက်လာခြင်းဖြစ်သည်။
ဆင်ဟွာ


