နေပြည်တော် ဩဂုတ် ၁၂
ရေနံမြေသခင်ဖိုးလှကြီးဒိုင်း အလွတ်တန်းဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် မင်္ဂလာပါ(ပြည်)အသင်းနှင့် Banana(မင်းတုန်း) အသင်းတို့သည် ယနေ့ညနေ ၃ နာရီခွဲက မကွေးမြို့ တိုင်းအားကစားကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ကြရာ မင်္ဂလာပါ(ပြည်)အသင်းက သုံးဂိုး - ဂိုးမရှိဖြင့် အနိုင်ရရှိကာ ဗိုလ်လုပွဲသို့ တက်ရောက်သွားပြီး ကသစ်မြေ(မြို့သစ်)အသင်းနှင့် ဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
မင်္ဂလာပါ (ပြည်) အသင်းအတွက် ဦးဆောင်ဂိုးကို ပွဲစတင်ပြီး ၃ မိနစ်တွင် ခန့်ဘုန်းနိုင်က သွင်းယူပေးခဲ့သည်။ ထို့နောက် ပွဲချိန် ၃၆ မိနစ်တွင် ဇင်ဖြိုးပိုင်က ဒုတိယဂိုး ထပ်မံသွင်းယူခဲ့သည်။
ပွဲချိန် ၇၉ မိနစ်တွင် မင်္ဂလာပါ(ပြည်)အသင်းမှ ရဲမျိုးအောင်က တတိယမြောက်အနိုင်ဂိုးကို ထပ်မံသွင်းယူပေးခဲ့သဖြင့် ပွဲပြီးဆုံးချိန်တွင် မင်္ဂလာပါ(ပြည်)အသင်းက သုံးဂိုး - ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။
နေမျိုး၊ ဓာတ်ပုံ-SMA


