ရန်ကုန် ဩဂုတ် ၁၂
၂၀၂၆-၂၀၂၇ ရာသီ MNL အမှတ်ပေးပြိုင်ပွဲအတွက် ပြင်ဆင်နေသည့် မြန်မာနေရှင်နယ်လိဂ်ကလပ်အသင်းများသည် သြဂုတ် ၁၂ ရက်တွင် ရာသီကြိုခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားရာ ရတနာပုံအသင်းနှင့် ဧရာဝတီယူနိုက်တက်အသင်းတို့ အနိုင်ရခဲ့သည်။
ရတနာပုံအသင်းသည် သစ္စာအားမာန်အသင်းနှင့် ခြေစမ်းကစားရာ သုံးဂိုးပြတ်အနိုင် ရခဲ့သည်။ အသင်းပိုင်ရှင် ပြောင်းလဲပြီးနောက် နည်းပြချုပ်သစ်၊ ပြည်တွင်း၊ ပြည်ပကစားသမားသစ်များစွာ ခေါ်ယူအားဖြည့်ထားသည့် ရတနာပုံအသင်းသည် ရာသီကြိုခြေစမ်းပွဲတွင် ဂိုးပြတ်အနိုင်ရခဲ့ခြင်း ဖြစ်သည်။
သစ္စာအားမာန်အသင်းမှာမူ ပြည်တွင်းကစားသမားများဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။ ရတနာပုံအသင်းအတွက် အနိုင်ဂိုးများကို အသစ်ခေါ်ယူထားသည့် နိုင်ငံခြားသားကစားသမားများက သွင်းယူပြီး ကျန်တစ်ဂိုးမှာမူ ပြိုင်ဘက်အသင်း ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့ခြင်းဖြစ်သည်။
ဧရာဝတီယူနိုက်တက်အသင်းမှာမူ မြဝတီအသင်းနှင့် ခြေစမ်းကစားရာ နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ လာမည့်ရာသီ MNL အမှတ်ပေးပြိုင်ပွဲ စတင်ကျင်းပရန် နီးကပ်လာပြီဖြစ်သောကြောင့် ကလပ်အသင်းများအနေဖြင့် ရာသီကြိုခြေစမ်းပွဲများကစားကာ ပြင်ဆင်မှုများပြုလုပ်လျက်ရှိသည်။
သတင်း - ညီမြတ်သော်တာ
ဓာတ်ပုံ - MNL


