စားအုန်းဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး


မင်းလှ ဩဂုတ် ၁၁

 

ပဲခူးတိုင်းဒေသကြီး မင်းလှမြို့နယ်တွင် မြို့နယ်စားအုန်းဆီရောင်းချမှု စောင့်ကြည့်ကြပ်မတ်ရေးအဖွဲ့က စားအုန်းဆီ လက်လီ လက်ကားဖြန့်ဖြူးရောင်းချလျက်ရှိသော အရောင်းဆိုင်များ၌ ရည်ညွှန်းဈေးနှုန်းနှင့်အညီ ရောင်းချခြင်း ရှိ/ မရှိ ကွင်းဆင်းစစ်ဆေးသည်။

 

မြို့နယ်စားအုန်းဆီရောင်းချမှု စောင့်ကြည့်ကြပ်မတ်ရေးအဖွဲ့ခေါင်းဆောင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဘုန်းနိုင် ဦးဆောင်၍ မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့တို့က စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဆီအသင်းဥက္ကဋ္ဌတို့နှင့် ပူးပေါင်း၍ စားအုန်းဆီဖြန့်ဖြူးရောင်းချသည့်ဆိုင်များတွင် ရည်ညွှန်းဈေးအတိုင်း ဗီနိုင်းများချိတ်ဆွဲဖြန့်ဖြူးရောင်းချမှု ရှိ/ မရှိ၊ အလေးချိန်မှန်ကန်မှု ရှိ/ မရှိနှင့် ရရှိသော ဆီပိဿာချိန်ခွဲတမ်းများကို ပြည်သူများထံ အမှန်တကယ်ရောင်းချမှု ရှိ/ မရှိတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 

ပေါက်စ(မင်းလှ)