ဒက္ခိဏသီရိမြို့နယ် ဒိုးနွယ်ကျေးရွာအုပ်စု ရွာသစ်ကျေးရွာရှိ အသက် ၁၂၀ ပြည့်ပြီးဖြစ်သော အဘွားဒေါ်စောကြည်အား သွားရောက်တွေ့ဆုံဂါရဝပြု

နေပြည်တော် ဩဂုတ် ၁၁

 

ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း အသက် ၁၀၀ နှင့်အထက် သက်ကြီးပုဂ္ဂိုလ် ၂၄ ဦးရှိပြီး ဒက္ခိဏသီရိမြို့နယ် ဒိုးနွယ်ကျေးရွာအုပ်စု ရွာသစ်ကျေးရွာရှိ အသက် ၁၂၀ ပြည့်ပြီးဖြစ်သော အဘွား ဒေါ်စောကြည်အား ယနေ့တွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းသည် သွားရောက်တွေ့ဆုံ ဂါရဝပြုပြီးလိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 

ပေးအပ်

ထို့ပြင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လယ်ဝေးမြို့နယ် သာဝတ္ထိကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းအတွင်း ရေဝင်ရောက်မှု အခြေအနေကို သွားရောက် ကြည့်ရှုစစ်ဆေးပြီး ရေစီးရေလာကောင်းမွန်အောင်ဆောင်ရွက်ရေး၊ ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းမြေ့စွာ ပညာသင်ကြားနိုင်ရေး၊ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး အမြဲမပြတ်ဆောင်ရွက် ရန်မှာကြားကာ ကျောင်းဖွံ့ဖြိုး တိုးတက်ရေးအတွက် အလှူငွေများ ပေးအပ်သည်။

 

ထို့အတူ ဇမ္ဗူသီရိမြို့နယ် ပျဉ်းမနား - တောင်ညိုလမ်း မြို့တော်ခန်းမ ဂိတ်(၃)ရှေ့ လမ်းဘေးဝဲ/ယာ ပလက်ဖောင်း ပေါ်ရှိ ရေညှိများအား Water Pressure Pump ဖြင့် ဆေးကြောနေမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

အောင်မျိုးဝင်း(ဥတ္တရ)