ရေတာရှည်မြို့နယ်၌ သီးနှံပေါ်ပေးစနစ်ဖြင့် ဓာတ်မြေဩဇာများ ဝယ်ယူဖြန့်ဖြူးရောင်းချ

ရေတာရှည် ဩဂုတ် ၁၁

 

ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ်အတွင်းရှိ မိုးသီးနှံတွင် လိုအပ်သော ဓာတ်မြေသြဇာများကို သီးနှံပေါ်ပေးစနစ်ဖြင့် ဝယ်ယူဖြန့်ဖြူးရောင်းချခြင်း အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရုံးခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် တောင်ငူခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစောထွန်းဦးက ရေတာရှည်မြို့နယ်အတွင်းရှိ ကျေးရွာ ၁၇ အုပ်စုရှိ တောင်သူများကိုယ်စား တောင်သူတစ်ဦးအား စိုက်ပျိုးရေးလုပ်ငန်းများတွင် ပန်းတိုင်အထွက်နှုန်း ပြည့်မီစေရေးအတွက် လိုအပ်သော ဓာတ်မြေဩဇာများ ပေးအပ်သည်။

 

ရေတာရှည်မြို့နယ် စိုက်/ကြပ်အဖွဲ့မှ တာဝန်ရှိသူများက ဓာတ်မြေဩဇာသွင်းအားစု ဖြန့်ဖြူးရေး ကော်မတီဝင်များနှင့် ပေါင်းစပ်ညှိနှိုင်းပြီး ကျေးလက်နေတောင်သူများ အရည်အသွေးပြည့်မီသော ဓာတ်မြေဩဇာများကို စျေးနှုန်းချိုသာစွာဖြင့် စိုက်ပျိုးချိန်အမီ ဝယ်ယူအသုံးပြုနိုင်ရေးအတွက် သီးနှံပေါ်ပေးစနစ်ဖြင့် ဖြန့်ဖြူးရောင်းချပေး လျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)