ဩဂုတ် ၁၁
ဆော်ဒီအာရေဗျနိုင်ငံတွင် ဖြစ်ပွားခဲ့သော မီးလောင်မှုကြီးတစ်ခုတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၆ ဦး ထက်မနည်း သေဆုံးခဲ့ကြောင်း ဝန်ကြီးဌာန၏ ကြေညာချက်တစ်စောင်တွင် ယမန်နေ့က ဖော်ပြထားသည်။
ဆော်ဒီအာရေဗျနိုင်ငံ၏ မြို့တော် ရီယာ့ဒ်ရှိ ဆိုဖာစက်ရုံတစ်ခုတွင် ယမန်နေ့က မီးလောင်မှုဖြစ်ပွားခဲ့ပြီး လူ ၁၆ ဦး သေဆုံးခဲ့ကြောင်း ပြည်ပရောက်သူများ၏ လူမှုဖူလုံရေးနှင့် ပြည်ပအလုပ်အကိုင်ဝန်ကြီးဌာနမှ ထုတ်ပြန်သော ကြေညာချက်အရ သိရသည်။
သေဆုံးသူအားလုံးသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများဖြစ်သည်ဟု မျက်မြင်သက်သေများ၏ ပြောကြားချက်ကို ကိုးကား၍ ကြေညာချက်တွင် ဖော်ပြထားသည်။
ရီယာ့ဒ်ရှိ ဘင်္ဂလားဒေ့ရှ်သံရုံးမှ တာဝန်ရှိသူများသည် သေဆုံးသူများကို ဖော်ထုတ်ရန်နှင့် အလောင်းများနှင့်ပတ်သက်သည့် လိုအပ်သောတရားဝင်လုပ်ငန်းစဉ်များကို သက်ဆိုင်ရာ ဆော်ဒီအာဏာပိုင်များနှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်နေကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောကြားခဲ့သည်။
ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် Tarique Rahman က ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများ၏ ဝမ်းနည်းဖွယ်သေဆုံးမှုအတွက် အလွန်ဝမ်းနည်းကြောင်း ယမန်နေ့က ဖော်ပြခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


