ဩဂုတ် ၁၁
အင်ဒိုနီးရှားနိုင်ငံတစ်ဝန်းတွင် မီးလောင်မှုများကြောင့် သြဂုတ်လအစောပိုင်းအထိ မြေယာနှင့် သစ်တော ၁၀၇၀၀၀ ဟက်တာကျော် ထိခိုက်ခဲ့ရကြောင်း အင်ဒိုနီးရှားအစိုးရက ယမန်နေ့ကပြောကြားခဲ့သည်။
မီးငြှိမ်းသတ်ရန် လေကြောင်းနှင့် မြေပြင်စစ်ဆင်ရေးနှစ်ခုလုံးကို ဖြန့်ကျက်ထားကြောင်း နိုင်ငံရေးနှင့် လုံခြုံရေးရာ ပေါင်းစပ်ညှိနှိုင်းရေးဝန်ကြီး Djamari Chaniago က သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့သည်။
လက်ရှိလေကြောင်းစစ်ဆင်ရေးများတွင် လုပ်ငန်းဆောင်ရွက်မှုလိုအပ်ချက်များအပေါ်မူတည်၍ ရဟတ်ယာဉ် အစင်းရေ ၄၃ စင်းခန့်နှင့် လေယာဉ် ၁၀ စင်းမှ ၁၅ စင်းအထိ ပါဝင်အသုံးပြုလျက်ရှိသည်ဟု သိရသည်။
ပြင်းထန်သော အယ်လ်နီညိုရာသီဥတုပုံစံကြောင့် ဖြစ်ပေါ်လာသော ကာလရှည် မိုးခေါင်မှုကြောင့် မီးလောင်ကျွမ်းမှုများ ပိုမိုဆိုးရွားလာခဲ့ကြောင်း Djamari က ပြောကြားခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


