စဉ့်ကိုင် ဩဂုတ် ၁၀
မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင်မြို့နယ်၌ ယမန်နေ့ညနေပိုင်းမှ စတင်၍ မိုးသည်းထန်စွာရွာသွန်းပြီး ဒုဋ္ဌဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် မြစ်ကမ်းနံဘေးရှိ ဧည့်ပြကျေးရွာအုပ်စုနှင့် ပလိပ်ကျေးရွာအုပ်စုရှိ နေအိမ်များအတွင်း မိုးရေများ ဝင်ရောက်လျက်ရှိသည်။
အဆိုပါ ရေဝင်ရောက်မှုအခြေအနေကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့များက ရေဝင်ရောက်လျက်ရှိသည့် ဧည့်ပြကျေးရွာ၊ ကျွန်းဦးကျေးရွာ၊ မက္ခရာကျေးရွာတို့ရှိ အိမ်ခြေ ၁၃၈ အိမ်၊ အိမ်ထောင်စု ၁၃၈ ခုမှ လူဦးရေ ၅၉၀ နှင့် တိရစ္ဆာန်ကောင်ရေ ၃၁၅ ကောင်၊ ပလိပ်ကျေးရွာအုပ်စု အင်လျား(အရှေ့)ကျေးရွာ၊ အင်းလျား (အနောက်)ကျေးရွာ၊ စိတ္တရကျေးရွာ၊ တံတားဦးလေးကျေးရွာ၊ သာယာကျွန်း ကျေးရွာ၊ ဘူတာကျေးရွာတို့ရှိ အိမ်ခြေ ၃၁၆ အိမ် အိမ်ထောင်စု ၃၁၉ ခုမှ လူဦးရေ ၁၂၂၀ နှင့် တိရစ္ဆာန်ကောင်ရေ ၁၃၅ ကောင်တို့အား ရေဘေးလွတ်ရာနေရာများသို့ ကူညီကယ်ဆယ် ပြောင်းရွေ့ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


