ရန်ကုန် ဩဂုတ် ၁၀
ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ သမဝါယမအသင်းများမှ ချမ်းမြေ့ရောင်းဝယ်ရေး သမဝါယမအသင်း လီမိတက်၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် အမှုဆောင်ရွေးချယ်ပွဲကို ယမန်နေ့က (ည)ရပ်ကွက် သာသနာ့လင်းရောင်ခြည် ဓမ္မာရုံ၌ ပြုလုပ်သည်။
ဦးစွာ မြောက်ဥက္ကလာပမြို့နယ် သမဝါယမဦးစီးဌာနမှ ဦးစီးမှူး ဒေါ်သီတာမွန်က အသင်းများအနေဖြင့် သမဝါယမအသင်းဥပဒေအရ အမှုဆောင်ရွေးချယ်တင်မြှောက်ရာတွင် လိုက်နာရမည့် စည်းကမ်းများ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်၊ ဝန်ကြီးဌာနနှင့် ဦးစီးဌာနက ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်း ပြောကြားသည်။
ဆက်လက်၍ အသင်းမှ အမှုဆောင်အဖွဲ့အစီရင်ခံစာနှင့် နှစ်ချုပ် ဘဏ္ဍာရေးရှင်းတမ်းများကို အသင်းစာရင်းစစ် ဦးခင်မောင်ဦးက ဖတ်ကြားတင်ပြပြီး အသင်းသားများ၏ အတည်ပြုချက်များရယူကာ အမှုဆောင်ရွေးချယ်ခဲ့ကြောင်း သိရသည်။
သက်လွင်စိုး(ပြန်/ဆက်)


