တွံ​တေးခရိုင်၌ အာဟာရချက်ပြုတ် သရုပ်ပြပြိုင်ပွဲ ကျင်းပ

တွံတေး ဩဂုတ် ၁၀

 

ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့၌ အာဟာရချက်ပြုတ် သရုပ်ပြပြိုင်ပွဲကို ယနေ့နံနက်ပိုင်းတွင် အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း(မြို့မ) ပညာရတနာ ခန်းမ၌ ကျင်းပသည်။

 

ဦးစွာ ရန်ကုန်တောင်ပိုင်းခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကြူကြူသင်းက ပြိုင်ပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။

 

ယင်းနောက် ဆုချီးမြှင့်ပွဲကို ကျင်းပရာ ပထမဆုရ ကွမ်းခြံကုန်း မြို့နယ်မှ အထက(တော်လန်း)၊ ဒုတိယဆုရ ကော့မှူးမြို့နယ်မှ အထက ကျုံဒရယ်၊ တတိယဆုရ ဆိပ်ကြီးခနောင်တို မြို့နယ်မှ အထက ဆိပ်ကြီးခနောင်တိုနှင့် နှစ်သိမ့်ဆု(၁)ရ တွံတေးမြို့နယ်မှ အထက(၁)တွံ​တေး၊ နှစ်သိမ့်ဆု (၂)ရ ဒလမြို့နယ်မှ အထက(၄)ဒလမြို့နယ်တို့အား ခရိုင်မိခင်နှင့် ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဒေါ်ဇာဇာယမင်းဦး နှင့် ခရိုင်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

 

မျိုးလှိုင်(တွံတေး)