ဥရောပချန်ပီယံ ပီအက်စ်ဂျီအသင်းသည် အက်စ်တွန်ဗီလာအသင်းမှ ပြင်သစ်ဘယ်ခံစစ်ကစားသမား လူးကပ်စ်ဒင်းန်ကို အပြီးသတ်ခေါ်ယူလိုက်ပြီဖြစ်သည်။
အသက် ၃၃ နှစ်အရွယ် အဆိုပါ ခံစစ်ကစားသမားသည် ၂၀၂၂ ခုနှစ်တွင် အဲဗာတန်အသင်းမှ အက်စ်တွန်ဗီလာအသင်းသို့ ပြောင်းရွှေ့ခဲ့သူဖြစ်သည်။ ၎င်းသည် ကစားသမားဘဝစတင်ခဲ့ရာ ပီအက်စ်ဂျီအသင်းတွင် သုံးနှစ်ကြာ ဖြတ်သန်းခဲ့ပြီး ပွဲ ၃၀ ကစားပေးထားသူဖြစ်သည်။ ထို့ကြောင့် လူးကပ်စ်ဒင်းန်သည် အင်္ဂလန်တွင် ရှစ်နှစ်ကြာဖြတ်သန်းပြီးနောက် ပီအက်စ်ဂျီအသင်းသို့ တစ်ကျော့ပြန်ရောက်ရှိလာတော့မည်ဖြစ်သည်။
ဖလားဆွတ်ခူးရရှိအောင် ကူညီပေး
၎င်းသည် ပြီးခဲ့သည့်ရာသီတွင် အက်စ်တွန်ဗီလာအသင်းကို အသင်းသမိုင်းတစ်လျှောက် ယူရိုပါလိဂ်ဖလားဆွတ်ခူးရရှိအောင် ကူညီပေးထားနိုင်သည်။ ထို့အပြင် ၎င်းသည် မော်ဂန်ရော်ဂျာစ်နှင့် တိုင်လီမန်းစ်တို့ပြီးနောက် အက်စ်တွန်ဗီလာအသင်းမှ ထွက်ခွာသည့် တတိယမြောက် ကစားသမားဖြစ်လာကြောင်း သိရသည်။
အောင်ဇော်


