ရန်ကုန် ဩဂုတ် ၉
၂၀၂၆ MFF ယူ-၁၆ ဖူဆယ်လိဂ်ပြိုင်ပွဲ ပွဲစဉ်(၈)ကို ယနေ့တွင် ရန်ကုန်မြို့ သုဝဏ္ဏကွင်းရှိ MFF ဖူဆယ်အားကစားရုံ၌ ဆက်လက်ကျင်းပရာ SGF Youth အသင်း ရှစ်ပွဲဆက်အနိုင်ရလဒ်ဖြင့် ဆက်လက်ဦးဆောင်နေသည်။
ပွဲစဉ်(၈) တွင် TKA Star အသင်းက United City အသင်းကို လေးဂိုး-နှစ်ဂိုး၊ Avengers Junior အသင်းက Pacific Sun Far အသင်းကို ငါးဂိုး - လေးဂိုး၊ Jullniss အသင်းက မာရိန်းအသင်းကို ငါးဂိုး - လေးဂိုး၊ SGF Youth အသင်းက ဘူရှီဒိုအသင်းကို ၁၀ ဂိုး - နှစ်ဂိုး၊ Victoria အသင်းက FFU မင်းမဟော်အသင်းကို ခုနစ်ဂိုး - ဂိုးမရှိ၊ Mahar Burma အသင်းက ရွှေပြည်သာယူနိုက်တက်အသင်းကို ၁၁ ဂိုး - နှစ်ဂိုးဖြင့် အနိုင်ရရှိသည်။
ပွဲစဉ် (၈) အပြီးတွင် SGF Youth အသင်းက ၂၄ မှတ်ဖြင့် ဦးဆောင်နေပြီး Victoria အသင်းက ၂၁ မှတ်၊ FFU မင်းမဟော်အသင်း၊ Mahar Burma အသင်းနှင့် Avengers Junior အသင်းတို့က ၁၅ မှတ်စီ၊ Pacific Sun Far အသင်းနှင့် Jullniss အသင်းက ၁၃ မှတ်စီ နှင့် TKA Stars အသင်းက ၁၂ မှတ်၊ United City အသင်းက ကိုးမှတ်၊ ရွှေပြည်သာယူနိုက်တက်အသင်းက သုံးမှတ်၊ မာရိန်းအသင်းနှင့် ဘူရှီဒိုအသင်းတို့က တစ်မှတ်စီရရှိထားသည်။
သတင်း - ရှိုင်းထက်ဇော်
ဓာတ်ပုံ - MFF


