ကျိုက်ထို ဩဂုတ် ၉
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်တွင် မြို့နယ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ ကျိုက်ထိုခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ခေတ္တ ဥက္ကဋ္ဌတို့က အမှာစကားပြောကြားပြီး မြို့နယ်စီမံကိန်းရေးဆွဲရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးက ၂၀၂၇-၂၀၂၈ ဘဏ္ဍာနှစ် အဆိုပြုလုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြသည်။
ဆက်လက်၍ ကျိုက်ထိုမြို့နယ် ၂၀၂၇-၂၀၂၈ ဘဏ္ဍာနှစ် အဆိုပြု လုပ်ငန်းများနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက ဆွေးနွေးတင်ပြကြ သည်။ ယင်းနောက် လွှတ်တော် ကိုယ်စားလှယ်များက ဖြည့်စွက် ဆွေးနွေးတင်ပြပြီး တက်ရောက် လာသူများက အထွေထွေဆွေးနွေး ညှိနှိုင်းတင်ပြခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုး(ပြန်/ဆက်)


