ဖျာပုံမြို့၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ

ဖျာပုံ သြဂုတ် ၉

 

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ်တွင် ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ လမ်းညွှန်မှုဖြင့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး အလုပ်ရုံ ဆွေးနွေးပွဲကို သြဂုတ် ၇ ရက် နံနက်ပိုင်းက ဖျာပုံမြို့ အထက (၁) အောင်မြေခန်းမ၌ ကျင်းပသည်။

 

ဦးစွာ ဖျာပုံမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး​ကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်ဝင်းက အမှာစကားပြောကြားပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်စိုးစိုးရီက တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားသည်။

 

ထို့နောက် ဖျာပုံခရိုင် ပညာရေးမှူး ဦးဝင်းအောင်က တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက် မြင့်မားရေးအတွက် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို ရှင်းလင်း ပြောကြားသည်။ ဆက်လက်၍ မြို့နယ်အတွင်းရှိ အထကကနှင့် အထက (ခွဲ)တို့မှ ကျောင်းအုပ်ဆရာကြီး ဆရာမကြီးများနှင့် ဘာသာရပ်သင်ဆရာ ဆရာမများက ဘာသာရပ်အလိုက် ဆွေးနွေးတင်ပြခဲ့ကြောင်း သိရသည်။

 

ခရိုင်(ပြန်/ဆက်)