ရေတာရှည်မြို့နယ် ကျေးရွာပေါင်းစုံ အမျိုးသားအလွတ်တန်းဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

 ရေတာရှည်    ဩဂုတ်     ၉

ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ်၌ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား ကျေးရွာပေါင်းစုံ အမျိုးသားအလွတ်တန်းဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့ မွန်လွဲ ၃ နာရီ က မြို့နယ်အားကစားကွင်း၌ ကျင်းပသည်။

ဦးစွာ ကျွဲရိုင်းပြင်ကျေးရွာအုပ်စု ဘောလုံးအသင်းနှင့် ငါးကြီးကွေ့ကျေးရွာအုပ်စုဘောလုံးအသင်းတို့ ဗိုလ်လုပွဲအဖြစ် ယှဉ်ပြိုင်ကစားကြရာ ကျွဲရိုင်းပြင်ကျေးရွာအုပ်စု ဘောလုံးအသင်းက အနိုင်ရဗိုလ်စွဲသွားခဲ့သည်။

ထို့နောက် ပထမဆုရရှိသည့်  ကျွဲရိုင်းပြင်ဘောလုံးအသင်းအား တစ်ဦးချင်း ဆုတံဆိပ်၊ ငွေသားဆုနှင့် ဒိုင်းဆုကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဥက္ကာသန်းက ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။                                                     

မြို့နယ်(ပြန်/ဆက်)