၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးမြို့၌ မီနီမာရသွန် ပြိုင်ပွဲ ကျင်းပ

ပဲခူး    ဩဂုတ်   ၉

၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မီနီမာရသွန်ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက ပဲခူးမြို့၌ ကျင်းပပြီး အကြီးတန်းမီနီမာရသွန်ပြိုင်ပွဲတွင် ပြိုင်ပွဲဝင် ၁၉၀၊ အငယ်တန်း မီနီမာရသွန်ပြိုင်ပွဲတွင် ပြိုင်ပွဲဝင် ၃၆၀ တို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

အကြီးတန်းမီနီမာရသွန်ပြိုင်ပွဲကို တိုင်းဒေသကြီးလူငယ်စင်တာခန်းမရှေ့မှ ရန်ကုန်-မန္တလေးလမ်း ဆည်မြောင်းလမ်းဆုံအထိ (၅ ဒသမ ၅)မိုင်နှင့်  အငယ်တန်းမီနီမာရသွန်ပြိုင်ပွဲကို တိုင်းဒေသကြီး လူငယ်စင်တာရှေ့မှ ရန်ကုန်-မန္တလေးကားလမ်း မဟာမြိုင်လမ်းဆုံအထိ (၄)မိုင် သတ်မှတ်ယှဉ်ပြိုင် ကြရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ ဌာနဆိုင်ရာများနှင့် ပြည်သူများက ကြိုဆိုအားပေးကြပြီး အားဖြည့်အချိုရည်နှင့်မုန့်များ ဝေငှပေးကြသည်။

ဆက်လက်၍ ဆုရရှိသူများအား ဆုများပေးအပ်ချီးမြှင့်ပြီး ပန်းဝင်လာသူတိုင်းကို သီးခြားချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)