မြန်အောင် သြဂုတ် ၇
ဧရာဝတီတိုင်းဒေသကြီး မြန်အောင်ခရိုင် မြန်အောင်မြို့နယ်လူမှုဖူလုံရေးရုံးခွဲတွင်အကျုံးဝင် မှတ်ပုံတင်ထားသော အလုပ်ဌာနများမှ အာမခံအလုပ်သမားများအား ရွေ့လျားဆေးကုသရေးမော်တော်ယာဉ် (Mobile Medical Unit) ဖြင့် အခမဲ့ကျန်းမာရေးစစ်ဆေးခြင်းနှင့် ဆေးဝါးကုသပေးခြင်းကို ယမန်နေ့က ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြန်အောင်မြို့နယ် လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော ရောင်နီစက်ရုံ၊ ပြည်သူပိုင်ဌာန၊ ပုဂ္ဂလိကလုပ်ငန်းဌာနများနှင့် မြန်အောင်/ရွှေပြည်သာရေနံမြေတို့မှ အာမခံအလုပ်သမားများကို အလုပ်ခွင်အရောက် ရွေ့လျားဆေးကုသရေးမော်တော်ယာဉ်(Mobile Medical Unit)ဖြင့် (အခမဲ့) ဆေးကုသပေးခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းတို့ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြန်အောင်(ပြန်/ဆက်)


