ဩဂုတ် ၇
အိန္ဒိယနိုင်ငံမြောက်ပိုင်းဉတ္တရာပရာဒေ့ရှ်ပြည်နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နေအိမ်ပြိုကျမှုဖြစ်ပွားခဲ့ရာ ကလေးငယ်နှစ်ဦးနှင့် အမျိုးသမီးနှစ်ဦးအပါအဝင် မိသားစုတစ်စုမှ မိသားစုဝင်ခြောက်ဦးသေဆုံးခဲ့ကြောင်း ဒေသခံရဲတပ်ဖွဲ့က ယမန်နေ့က အတည်ပြုပြောကြားခဲ့သည်။
အဆိုပါပြည်နယ်၏ Pratapgarh ခရိုင်တွင် နေအိမ်တွင်အိပ်ပျော်လျက်ရှိစဉ် ပြိုကျမှုဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
ထိုနေအိမ်သည် နှစ်ပေါင်း ၈၀ ကျော်သက်တမ်းရှိပြီး ယိုယွင်းပျက်စီးနေသော အခြေအနေတွင်ရှိသည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


