တိုင်းဒေသကြီးနှင့် ပြည်နယ် ဘတ်စကက်ဘောပြိုင်ပွဲ ရှမ်း၊ စစ်ကိုင်း၊ မန္တလေးနှင့် ရန်ကုန်အပါအဝင် ရှစ်သင်း အနိုင်ရ

တောင်ကြီး  ဩဂုတ်   ၆

တောင်ကြီးမြို့ ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ကျင်းပလျက်ရှိသည့် တိုင်းဒေသကြီးနှင့်  ပြည်နယ်ဘတ်စကက်ဘောပြိုင်ပွဲ   အုပ်စုပွဲစဉ်များကို    ယနေ့နံနက်ပိုင်းက ဆက်လက်ယှဉ်ပြိုင် ခဲ့ရာ  ရှမ်း၊ စစ်ကိုင်း၊ ချင်း၊ ကချင်၊ ကယား၊ မန္တလေး၊ ရန်ကုန်နှင့် မွန်အသင်းတို့ အသီးသီးအနိုင်ရရှိခဲ့သည်။

အမျိုးသားပွဲစဉ်အဖြစ် အုပ်စု(ခ)မှ ရှမ်းပြည်နယ်အသင်းက မကွေးတိုင်းဒေသကြီးအသင်းကို ၁၁၅ မှတ်ဖြင့် လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအသင်းက ဧရာဝတီတိုင်းဒေသကြီးအသင်းကို ၅၈ မှတ်ဖြင့်လည်းကောင်း၊ အုပ်စု(ဂ)မှ ချင်းပြည်နယ်အသင်းက ကရင်ပြည်နယ်အသင်းကို ၄၈ မှတ်ဖြင့် လည်းကောင်း၊ မွန်ပြည်နယ်အသင်းက နေပြည်တော်အသင်းကို ၄၇ မှတ်ဖြင့်လည်းကောင်း၊ အုပ်စု (ဃ)မှ ကယားပြည်နယ်အသင်းက တနင်္သာရီတိုင်းဒေသကြီးအသင်းကို အမှတ် ၇၀ ဖြင့် လည်းကောင်း အနိုင်ရရှိခဲ့သည်။

အမျိုးသမီးပွဲစဉ်တွင် အုပ်စု(က)မှ စစ်ကိုင်းတိုင်းဒေသကြီးအသင်းက ဧရာဝတီတိုင်းဒေသကြီးအသင်းကို ၄၆ မှတ်ဖြင့်လည်းကောင်း၊ ရှမ်းပြည်နယ်အသင်းက မန္တလေးတိုင်းဒေသကြီးအသင်းကို ၅၃ မှတ်ဖြင့် လည်းကောင်း၊ အုပ်စု(ခ)မှ ကချင်ပြည်နယ်အသင်းက မွန်ပြည်နယ်အသင်းကို ၃၈ မှတ်ဖြင့်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအသင်းက ကယားပြည်နယ်အသင်းကို ၆၂ မှတ်ဖြင့် လည်းကောင်း အနိုင်ရရှိခဲ့သည်။

နေမျိုး၊ ဓာတ်ပုံ-ကိုမင်း