အန်ဂျာမီနာ ဩဂုတ် ၆
ချဒ်နိုင်ငံမြို့တော် အန်ဂျာမီနာတွင် ကာလဝမ်းရောဂါ ဖြစ်ပွားမှုကြောင့် လူရှစ်ဦး သေဆုံးခဲ့ကြောင်း အရာရှိများက ဩဂုတ် ၅ ရက်တွင် အတည်ပြုခဲ့သည်။
အစိုးရကိုယ်စားလှယ် အမီနာကိုဂျီယာနာ ဦးဆောင်သည့် အရေးပေါ်အစည်းအဝေး၌ ထုတ်ပြန်သည့်အချက်အလက်များအရ အန်ဂျာမီနာမြို့တွင် ဩဂုတ် ၄ ရက်က ကာလဝမ်းရောဂါဖြစ်ပွားသူ ၇၅ ဦးရှိကြောင်း သိရသည်။ ၎င်းတို့အနက် ရှစ်ဦးသေဆုံးခဲ့ပြီး အခြားရှစ်ဦးမှာ ဆေးရုံ၌ ကုသမှုခံယူနေဆဲဖြစ်ကာ ၅၉ ဦးမှာ ပြန်လည်ကျန်းမာလာပြီဖြစ်ကြောင်း သိရသည်။
မြို့တော်အတွင်း ရပ်ကွက်ကိုးခု၌ ကာလဝမ်းရောဂါဖြစ်ပွားနေကြောင်း အာဏာပိုင်များက ပြောသည်။ လူထုအသိပညာပေးလုပ်ငန်းများကို ပိုမိုဆောင်ရွက်ရန်နှင့် အခြေခံကာကွယ်ရေး အလေ့အကျင့်များကို လိုက်နာကြရန် လူမှုအသိုက်အဝန်းခေါင်းဆောင်များအား ကိုဂျီယာနာက တိုက်တွန်းခဲ့သည်။
ဆင်ဟွာ


