တိုကျို ဩဂုတ် ၆
လွန်ခဲ့သည့်သီတင်းပတ်က ကူမာမိုတိုခရိုင်ရှိ ကားအစိတ်အပိုင်း ထုတ်လုပ်ရေးစက်ရုံတစ်ရုံ ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့ပြီးနောက် ဂျပန်နိုင်ငံရှိ ဟွန်ဒါကားထုတ်လုပ်ရေးစက်ရုံသုံးရုံ၏ ထုတ်လုပ်မှုကို ယာယီရပ်ဆိုင်းမည်ဖြစ်ကြောင်း ဟွန်ဒါကားကုမ္ပဏီက ပြောသည်။
ဟွန်ဒါအုပ်စုဝင် ကားအစိတ်အပိုင်းထုတ်လုပ်ရေးကုမ္ပဏီ Astemo လည်ပတ်နေသည့် စက်ရုံတစ်ရုံမှာ ငလျင်ကြောင့် အကြီးအကျယ်ထိခိုက်ပျက်စီးခဲ့ကြောင်း ဟွန်ဒါကုမ္ပဏီက ဩဂုတ် ၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ယင်းဖြစ်စဉ်ကြောင့် ကားအစိတ်အပိုင်းများ ဝယ်ယူရရှိရေးလုပ်ငန်းစဉ်အပေါ် ထိခိုက်မှုများဖြစ်ပေါ်ခဲ့ကြောင်းလည်း ဖော်ပြထားသည်။ Astemo ကုမ္ပဏီက ဩဂုတ် ၇ ရက်တွင် စက်ရုံကို ပြန်လည်လည်ပတ်မည်ဟု ပြောကြားထားသော်လည်း လုပ်ငန်းများကို အပြည့်အဝပြန်လည်လည်ပတ်နိုင်ခြင်း ရှိ မရှိ မသိရသေးပေ။
ဟွန်ဒါကုမ္ပဏီက ဆိုင်တမာခရိုင်ရှိ ကားတပ်ဆင်ရေးစက်ရုံတစ်ရုံနှင့် မီအဲခရိုင်ရှိ စက်ရုံနှစ်ရုံတို့၏ ထုတ်လုပ်ရေးလုပ်ငန်းများကို ဩဂုတ် ၁၉ ရက်မတိုင်မီအထိ ယာယီရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ တိုယိုတာ၊ နစ်ဆန်းနှင့် အခြားကားထုတ်လုပ်ရေးကုမ္ပဏီများကလည်း ဖူကူအိုကာခရိုင်ရှိ ၎င်းတို့၏စက်ရုံများတွင် လုပ်ငန်းများပြန်လည်လည်ပတ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အင်န်အိတ်ချ်ကေ


