အောင်လံ သြဂုတ် ၆
မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(ရွာထောင်)၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု အသိပညာပေးဟောပြောပွဲနှင့် ကျောင်းသား ကျောင်းသူများအား သန်ချဆေးတိုက်ကျွေးခြင်းကို ယမန်နေ့က ရွှေရတုခန်းမ၌ ကျင်းပသည်။
ဦးစွာ အထက(ရွာထောင်) ကျောင်းအုပ်ဆရာကြီး ဦးစိုးသန့်မိုးက အမှာစကားပြောကြားပြီး ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာထွန်းလင်းအောင်က ဆေးလိပ်နှင့် ဆေးရွက်ကြီးသုံးစွဲမှု၏ ဆိုးကျိုးများအကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ သူနာပြုဆရာမကြီး ဒေါ်တင်တင်နိုင်က ရောဂါဘယများ ကာကွယ်နိုင်ရန်အတွက် လက်စနစ်တကျဆေးကြောနည်းကို ရှင်းလင်းဆွေးနွေးကာ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက အထက(ရွာထောင်)မှ အလယ်တန်းအဆင့် ကျောင်းသား ကျောင်းသူများအား သန်ချဆေးများ တိုက်ကျွေးခဲ့ကြောင်း သိရသည်။
အာကာ(ပြန်/ဆက်)


