ရန်ကုန် ဩဂုတ် ၆
ရန်ကုန်တိုင်းဒေသကြီး ပန်းဘဲတန်းမြို့နယ် အထက(၁)ဧကရီခန်းမ၌ ဩဂုတ် ၅ ရက် နံနက်ပိုင်းက ကျောင်းသား ကျောင်းသူများအား ဆေးလိပ်၊ ဆေးရွက်ကြီးနှင့် မူးယစ်ဆေးဝါးအန္တရာယ်များ အကြောင်းအသိပညာပေးဟော ပြောသည်။
ဟောပြောပွဲတွင် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဖြိုးပိုင်က ဆေးလိပ်၊ ဆေးရွက်ကြီးနှင့် မူးယစ်ဆေးဝါးများ သုံးစွဲခြင်းကြောင့် ဖြစ်ပေါ်စေသော ကျန်းမာရေးဆိုင်ရာ ရောဂါများ၊ ဆိုးကျိုးအန္တရာယ်များ အကြောင်းနှင့် မြို့နယ် ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူး သန်းမောင်က တားမြစ်ထားသည့် မူးယစ်ဆေးဝါးများ မသုံးစွဲကြရန်နှင့် ပြစ်မှု၊ ပြစ်ဒဏ်များ အကြောင်းတို့ကို အသိပညာပေးဟောပြောကာ ပြသထားသည့် နံရံကပ် စာစောင်၊ စာအုပ်ပြပွဲတို့ကို ကျောင်းသား ကျောင်းသူများက လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


