သင်္ဃန်းကျွန်းခရိုင် သင်္ကန်းကျွန်းပညာရေးဒီဂရီကောလိပ်၌ နည်းပညာဟောပြောပွဲ ကျင်းပ

ရန်ကုန် သြဂုတ် ၆

 

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်တွင် သင်္ကန်းကျွန်းပညာရေးဒီဂရီ ကောလိပ်ပညာနေခြည်ခန်းမ၌ AI , Cyber Security and Digital literacy For Teachers နည်းပညာဟောပြောပွဲကို ယနေ့မွန်းလွဲ ၁ နာရီက ကျင်းပသည်။

 

ဦးစွာ သင်္ကန်းကျွန်းပညာရေးဒီဂရီ ကောလိပ်ကျောင်းအုပ်ကြီး ဒေါ်နှင်းကြူဦးနှင့် မြန်မာနိုင်ငံ ကွန်ပျူတာဝါသနာရှင်များအသင်းဥက္ကဋ္ဌ ဦးအောင်ကျော်မိုးတို့က အမှာစကားပြောကြားသည်။

 

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာဝါသနာရှင်များအသင်းဥက္ကဋ္ဌ ဦးဌေးလင်းက AI, Cyber Security and Digital literacy For Teachers နည်းပညာများအကြောင်း ဟောပြောသည်။ ထို့နောက် ဉာဏ်စမ်းပဟေဠိ အစီအစဉ်ဆောင်ရွက်ကာ နည်းပညာဆိုင်ရာ မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)