ရန်ကုန် ဩဂုတ် ၆
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ် အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းခန်းမ၌ ဆေးလိပ်နှင့် မူးယစ်ဆေးဝါးအကြောင်း အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက ပြုလုပ်သည်။
အသိပညာပေး ဟောပြော
ဦးစွာ အထက(၂) ကျောင်းအုပ်ဆရာကြီး ဦးခင်အောင်မြင့်က ကျေးဇူးတင်စကားပြောကြားပြီး လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန သူနာပြုဆရာမကြီး ဒေါ်အိအိလှိုင်က ဟောပြောပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် ဆေးလိပ်နှင့်ဆေးရွက် ကြီးသုံးစွဲခြင်း၏ အန္တရာယ်နှင့် သိကောင်းစရာများကို အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


