ကန့်ဘလူမြို့ (ခုတင် - ၁၀၀) ဆံ့ ပြည်သူ့ဆေးရုံတွင် ဆေးရုံတက်ရောက်ကုသနေသော ဒေသခံပြည်သူများအတွက် အာဟာရဖြည့်စွက်စာများ ပေးအပ်

နေပြည်တော် ဩဂုတ် ၆

 

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့ (ခုတင် - ၁၀၀) ဆံ့ ပြည်သူ့ဆေးရုံတွင် ဆေးရုံတက်ရောက် ကုသနေသော ဒေသခံပြည်သူများအတွက် အာဟာရ ဖြည့်စွက်စာများကို စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့က သွားရောက်ပေးအပ်သည်။

 

အဆိုပါဆေးရုံတွင် ဆေးကုသမှု ခံယူနေကြသည့် ပြည်သူများအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေးသည် တိုင်းဒေသကြီးဝန်ကြီးများနှင့်အတူ ယမန်နေ့က သွားရောက်တွေ့ဆုံ ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်သည်။

 

ထိုသို့ သွားရောက်စဉ် ဆေးရုံရှိ ဆေးရုံအုပ်ကြီး၊ ဆရာဝန်များ၊ သူနာပြုများ၊ ဆေးရုံဝန်ထမ်းများနှင့် တွေ့ဆုံဆွေးနွေးပြီး ဆေးရုံ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးသည်။

 

ထို့ပြင် ကန့်ဘလူမြို့ ပြည်သူ့ အားကစားကွင်း၌ ဘောလုံးအားကစားကွင်း၊ ပြေးခုန်ပစ် အားကစားကွင်း အဆင့်မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်သွားမည့်အခြေအနေ၊ ပွဲကြည့်စင်များ ကြံ့ခိုင်မှု၊ အင်ကြင်းဥယျာဉ်အတွင်း အင်ကြင်းကျောက်များ ထိန်းသိမ်းထားရှိမှု၊ ဥယျာဉ်အတွင်း အပန်းဖြေနေရာများ  စီစဉ်ဆောင်ရွက်ထားရှိမှုတို့ကို သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)