ကြံခင်း ဩဂုတ် ၆
ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့နယ် ချောင်းခွကျေးရွာ၌ ယနေ့နံနက်ပိုင်းတွင် ကျေးရွာနေပြည်သူများလက်ဝယ်သို့ စားအုန်းဆီများ မှန်ကန်စွာရောက်ရှိရေးအတွက် ကျေးရွာလက်လီအရောင်းဆိုင်၌ ဆီဝယ်ယူခွင့်စာအုပ်ဖြင့် စနစ်တကျ ရောင်းချပေးနေမှုကို တာဝန်ရှိသူများ ပူးပေါင်း၍ ကွင်းဆင်းကြည့်ရှုသည်။
ထိုသို့ ရောင်းချနေမှုများကို မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးကျော်နိုင်ဝင်း၊ ဧရာဝတီတိုင်းဒေသကြီး ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း ဗဟိုအလုပ်အမှုဆောင် ဦးကျော်ဝင်းမော်နှင့် စည်ပင်သာယာရေးအဖွဲ့ ဒုတိယဦးစီးမှူး ဒေါ်ခင်သန္တာထိုက်တို့က ကွေးမအုပ်စုရှိ အိမ်ထောင်စု ၅၀၇ စုအား စားအုန်းဆီသတ်မှတ်ရည်ညွှန်းဈေးဖြင့် အိမ်ထောင်စုတစ်စုလျှင် ၅၀ ကျပ်သားနှုန်းရောင်းချပေးနေမှု၊ စားအုန်းဆီထုတ်ယူခွင့်စာအုပ်၊ သတ်မှတ်အလေးချိန်ဖြင့် ကျေးရွာနေပြည်သူများ ဝယ်ယူနေမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဖြိုးဝေလင်း(ပြန်/ဆက်)


