ဖိလစ်ပိုင်တောင်ပိုင်းတွင် ပြင်းအား ၆ ဒသမ ၃ ပမာဏရှိသော ကမ်းလွန်ငလျင်တစ်ခု လှုပ်ခတ်

ဩဂုတ် ၆

ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း ဒါဗာအို အော့စီဒန်တယ်ပြည်နယ်တွင် ယနေ့ နံနက်အစောပိုင်းက ပြင်းအား ၆ ဒသမ ၃ ပမာဏရှိသော ကမ်းလွန်ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း ဖိလစ်ပိုင် မီးတောင်နှင့် ငလျင်ဗေဒ အင်စတီကျုက ပြောကြားခဲ့သည်။

အဆိုပါငလျင်ဗဟိုချက်သည် ဘာလွတ်ကျွန်းကမ်းရိုးတန်း၏ အနောက်တောင်ဘက် ၉၉ ကီလိုမီတာအကွာ မြေအောက်အနက် ၁၀ ကီလိုမီတာတွင် ဒေသစံတော်ချိန် နံနက် ၅ နာရီ ၄၁ မိနစ်က ဖြစ်ပွားခဲ့ကြောင်း ထိုအင်စတီကျုက ပြောကြားသည်။

အရှေ့တောင်အာရှရှိ ကျွန်းစုနိုင်ငံတစ်ခုဖြစ်သော ဖိလစ်ပိုင်သည် ပစိဖိတ်သမုဒ္ဒရာကို ဝန်းရံထားသော မြင်းခွာပုံသဏ္ဍာန် ပြင်းထန်သော ငလျင်နှင့် မီးတောင်လှုပ်ရှားမှုဇုန်ဖြစ်သော ပစိဖိတ်မီးကွင်း တစ်လျှောက်တွင် တည်ရှိသောကြောင့် ငလျင်များ၊ မီးတောင်ပေါက်ကွဲမှုများနှင့် ဆူနာမီရေလှိုင်းများ၏ ဒဏ်ကို မကြာခဏ ခံရလေ့ရှိသည်ဟု ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို