ရန်ကုန် ဩဂုတ် ၅
ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ် တောင်လုံးပြန် ရပ်ကွက်ရှိ တိုးတက်အောင်ရောင်းဝယ်ရေး သမဝါယမအသင်းဆိုင်၌ အခြေခံစားသောက်ကုန်များ ရောင်းချပေးလျက်ရှိသည်။
အဆိုပါအရောင်းဆိုင်တွင် အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီနှင့် လူသုံးကုန်များ၊ ကြက်ဥများကို စျေးနှုန်းချိုသာစွာဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။
မြတ်မြတ်အေး(ပြန်/ဆက်)


