ကြို့ပင်ကောက် ဩဂုတ် ၅
ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး လူထုအခြေပြု ဗဟိုဌာနတွင် ဩဂုတ် ၅ ရက်က အခြေခံပညာဦးစီးဌာနနှင့် ပူးပေါင်း၍ ကျင်းပသော စာဖတ်ရှိန်မြှင့်တင်ရေး အစီအစဉ်တွင် တက်ရောက်ခဲ့သော ကျောင်းသား ကျောင်းသူများအား စကားပုံဆက်ပြိုင်ပွဲကို ကျင်းပသည်။
ပြိုင်ပွဲသို့ အထက (ကြို့ပင် ကောက်) မှ ကျောင်းသား ကျောင်းသူ ၁၅ ဦး ဝင်ရောက် ယှဉ်ပြိုင်ကြရာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်သန္တာအောင် တက်ရောက်အားပေးသည်။
ထို့နောက် ဖြေဆိုထားသော စကားပုံများ၏ အနက်အဓိပ္ပာယ်များကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နှင့် တာဝန်ရှိသူများက ရှင်းလင်းပြောကြားပြီး ဆုရကျောင်းသား ကျောင်းသူများ အား ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
မောင်ရွှေဝင်း(ပြည်)


