မြဝတီမြို့၌ မူးယစ်ဆေးဖြတ်ကုသခြင်းနှင့် ပြန်လည်ထူထောင်ရေးစခန်း အခြေပြုသင်တန်းဖွင့်

မြဝတီ သြဂုတ် ၅

 

ကရင်ပြည်နယ် မြဝတီမြို့၌ ပြန်လည်ထူထောင်ရေး ဦးစီးဌာနနှင့် မူးယစ်ဆေးစွဲသူများ ပြန်လည် ထူထောင်ရေးအသင်း (မြန်မာ) ကရင်ပြည်နယ် အသင်း(ခွဲ)တို့ ပူးပေါင်းဖွင့်လှစ်သည့် မူးယစ်ဆေး ဖြတ်ကုသခြင်းနှင့် ပြန်လည်ထူထောင်ရေး အမှတ်စဉ် (၁/ ၂၀၂၆)စခန်းအခြေပြု သင်တန်း ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနရုံးခန်းမ၌ ကျင်းပသည်။

 

ဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင် အုပ်ချုပ်ရေးမှူး ဦးရဲလင်းမောင်က အမှာစကာပြောကြားပြီး မူးယစ် ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း (မြန်မာ)ကရင်ပြည် နယ်အသင်း(ခွဲ) ဥက္ကဋ္ဌ ဦးကျော် ဆန်းဦးက မူးယစ်ဆေးဖြတ်ကုသခြင်းနှင့် ပြန်လည်ထူထောင်ရေး သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ပြောကြားသည်။

 

ဆက်လက်၍ သင်တန်း ဖြစ်​မြောက်ရေးအတွက် ကူညီပံ့ပိုးပေးကြသည့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများကို တာဝန်ရှိသူများက ပေးအပ်သည်။

 

အဆိုပါသင်တန်းကို မြဝတီမြို့ ရွာသစ်ကျေးရွာတွင် ဖွင့်လှစ်ထားသည့် မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း (မြန်မာ)ကရင်ပြည်နယ် အသင်း (ခွဲ)ရုံးတွင် သြဂုတ် ၅ ရက်မှ အောက်တိုဘာ ၅ ရက် အထိ လက်မှုပညာရပ်၊ စိုက်ပျိုးရေး၊ မွေးမြူရေး ပညာရပ်၊ ပိုက်ပြင်၊ ပိုက်ဆက် လက်မှုပညာရပ်များကို သုံးလကြာ သင်ကြားခြင်းနှင့် ပြန်လည်ထူထောင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးမည်ဖြစ်ပြီး မူးယစ်ဆေးဖြတ် ကုသခြင်းနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းတွင် ပါဝင်ခံယူသူ ၃၀ ရှိကြောင်း သိရသည်။

 

ဆောင်းနှင်းဖြူ(ပြန်/ဆက်)