ဘီးလင်းမြို့နယ်၌ ကောက်စိုက်စက်ဖြင့်စိုက်ပျိုးခြင်း ကွင်းသရုပ်ပြ

ဘီးလင်း သြဂုတ် ၅

 

 မွန်ပြည်နယ် ဘီးလင်းမြို့နယ်၌ ကောက်စိုက်စက်ဖြင့် ကွင်းသရုပ် ပြသခြင်းကို ယနေ့နံနက်ပိုင်းက ဇုတ်သုတ်ကျေးရွာ ကွင်းအမှတ် (၂၁၆)ပေါ့စံကွင်း တောင်သူ ဦးမင်းစိုး၏ စိုက်ပျိုးမြေနှစ်ဧက၌ လက်တွေ့ သရုပ်ပြသသည်။

 

ရှင်းလင်းပြောကြား

 

အဆိုပါ ကွင်းသရုပ်ပြသခြင်းကို ဘီးလင်းမြို့နယ် အမှတ်(၃၇) စက်မှုလယ်ယာစခန်းမှ ဝန်ထမ်းများက ရက်(၉၀) အညာသားလေး စပါးမျိုးအား ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းကို လက်တွေ့ ကွင်းသရုပ်ပြသခဲ့ပြီး မြို့နယ်ဦးစီးမှူး ဦးမင်းသက်ညီညီက ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း၏ အကျိုးကျေးဇူးများကို ရှင်းလင်းပြော ကြားခဲ့ကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)