မိတ္ထီလာ ဩဂုတ် ၅
မိတ္ထီလာမြို့နယ် ပန်းတော်ဆက်ကျေးရွာ ပန်းတော်ဆက် နို့စားနွား မွေးမြူရေးသမဝါယမအသင်းမှ နို့စားနွားမွေးမြူရေးလုပ်ငန်း ဆောင်ရွက်နေသော အသင်းသားတောင်သူများထံသို့ အစာစရိတ်ချေးငွေ ထုတ်ချေးပေးခြင်းကို ယမန်နေ့က အဆိုပါကျေးရွာဓမ္မာရုံ၌ ကျင်းပရာ မန္တလေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာန လက်ထောက်ညွှန်ကြားရေး မှူး ဦးလှိုင်မိုးက အမှာစကား ပြောကြားသည်။
ထို့နောက် မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးမြင့်လွင်က လုပ်ငန်းဆိုင်ရာများ ရှင်းလင်းပြောကြားပြီး နို့စားနွားမွေးမြူရေးလုပ်ငန်း ဆောင်ရွက်နေသော အသင်းသား တောင်သူများထံ အစာစရိတ်များကို လက်ထောက်ညွှန်ကြားရေးမှူးက ပေးအပ်ခဲ့ကြောင်း သိရသည်။
ချမ်းသာ(မိတ္ထီလာ)


