တောင်ကြီးမြို့နယ်၌ ပြည်ထောင်စုရန်ပုံငွေဖြင့် အိမ်ထောင်စု ၁၅ စုထံ‌ ဒေသဝက်နှင့် ဒေသကြက်မျိုးများ အခမဲ့ဖြန့်ဖြူးပေးအပ်

တောင်ကြီး ဩဂုတ် ၅

 

၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် မူးယစ်ဆေးဝါးပပျောက်ရေး စီမံကိန်းဝင် တောင်ကြီးမြို့နယ်တွင် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် ဒေသဝက်နှင့် ဒေသကြက် အခမဲ့ ဖြန့်ဖြူးပေးအပ်ခြင်းကို တောင်ကြီးခရိုင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါက်တာ နီနီဝင်း၏ ကြီးကြပ်မှုဖြင့် ယနေ့နံနက်ပိုင်းက တောင်ကြီးမြို့နယ် တောင်လေးလုံး ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး၌ ပြုလုပ်သည်။

 

ယင်းသို့ ပေးအပ်ရာတွင် တောင်လေးလုံး ကျေးရွာအုပ်စု ဘုရားနီကျေးရွာရှိ အိမ်ထောင်စု ရှစ်စုထံ ဒေသဝက် သုံးကောင်၊ ဒေသကြက် အကောင် ၂၀၊ ကျောက်တဲကျေးရွာရှိ အိမ်ထောင်စု ခုနစ်စုသို့ ဒေသဝက် နှစ်ကောင်၊ ဒေသကြက် အကောင် ၃၀ တို့ကို အခမဲ့ဖြန့်ဖြူးပေးခဲ့ပြီး စနစ်တကျ မွေးမြူ လုပ်ကိုင်နိုင်ရန်အတွက် လိုက်နာဆောင်ရွက်ရမည့် နည်းလမ်းများကို အသိပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)